စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး e-Government ဦးစီးကော်မတီ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
မုံရွာ၊ သြဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး e-Government ဦးစီးကော်မတီ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို သြဂုတ်လ ၁၆ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ကော်မတီအတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒီဂျစ်တယ်အသွင်ကူးပြောင်း ခြင်းအား ဆောင်ရွက်ခြင်းဖြင့် ပြည်သူများသည် အစိုးရ ၏ ဝန်ဆောင်မှုများ အား Online မှတဆင့် အချိန်မရွေး၊နေရာမရွေး သတင်းအချက်အလက်များကိုရယူ၍ အသုံးချခြင်းအား ဖြင့်အချိန်နှင့်ငွေကြေးကုန်ကျမှုများလျော့နည်း သွားမည်ဖြစ်သည့် အပြင်ဘဏ်လုပ်ငန်း များလည်ပတ်ဆောင်ရွက်မှု၊ ငွေကြေးဆိုင်ရာအချက်အလက်များ အခွန်ကောက်ခြင်းကိစ္စ ရပ်များနှင့် Digital Payment များအား ပိုမိုအသုံးပြုနိုင်မှုများမြှင့်တင်နိုင်ခြင်းဖြင့် အဂတိ တိုက်ဖျက်ရေးကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ရာရောက်မည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် e-Government စနစ်အားအသုံးပြု ၍ရုံးလုပ်ငန်းစနစ်များ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ချိတ်ဆက်၍ နိုင်ငံတော်မှဖော်ဆောင်ထားသည့် EDMS Mail စနစ်အား Communication Center (CC) ရုံးခန်းဖွင့်လှစ်၍ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေ သနှင့် ခရိုင်(၁၃) ခရိုင်မှ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းတစ်ဦးစီဖြင့် ရုံးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မျက်ခြေမပျက် ကြိုး ပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး e-Government စနစ် အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တိုင်းဒေ သကြီးအတွင်း e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ပါမောက္ခချုပ်နှင့် တွဲဖက် အတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင် e-Government စနစ် အကောင်အထည်ဖော်ရေး လုပ် ငန်းများ အောင်မြင်အောင်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ် ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်း e-Government စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုမှုနှင့် လိုအပ်သည်များ ဖြည့်ဆွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး ဦးစီး ကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။














































