မုံရွာ၊ ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သီးနှံများပန်းတိုင်ထွက်နှုန်းရရှိရေး သွင်းအားစုများပေး အပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်အတွင်းရှိ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုး စွမ်းအား မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ကြရာတွင် စိုက်ပျိုးမြေဧရိယာအသုံးချမှုတိုးတက် ရေး၊တစ်ဧကထုတ်လုပ်မှု စွမ်းအားတိုးတက်ရေးနှင့် တောင်သူများဝင်ငွေ တိုးတက်ရရှိရေး အတွက် ရည်မှန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် စိုက်ပျိုး နေသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးသည် အထူးအလေးပေးကြိုးစား ဆောင် ရွက်ရမည့်အချက်ဖြစ်ပြီး ဌာနနှင့်တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ရေး၊ လယ်ယာ ကဏ္ဍ ကုန်ထုတ်စွမ်းအားများ မြင့်မားလာ စေရေး၊ တောင်သူများဝင်ငွေ တိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့်စားရေရိက္ခာများ ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင် ရွက်ပေးလျက် ရှိပါကြောင်း၊ စိုက်ပျိုးနေသည့် စံပြစိုက်ခင်းများအား ပန်းတိုင်အထွက်နှုန်းရရှိရန် ကြိုးစားစိုက်ပျိုး နေကြသည့်တောင်သူများအား ဖိတ်ခေါ်ပြသပြီး သီးနှံအလိုက်စနစ်တကျစိုက်ပျိုးသွားကြမည် ဆိုပါက တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိနိုင်မှာ ဖြစ် ပါကြောင်း၊ သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း မျိုးစေ့၊ ဓာတ်မြေဩဇာနှင့်သွင်း အားစုလိုအပ်ချက်များအား အပြည့်အဝပံ့ပိုးကူညီပေးသွားမှာ ဖြစ်သကဲ့သို့ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း တောင်သူများလိုအပ်သည့် မျိုးကောင်း၊မျိုးသန့်များ သုံးစွဲစိုက် ပျိုးနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ နည်းစနစ်တကျ စိုက်ပျိုးရေးစသည့် အခြေခံလိုအပ်ချက်များအား နည်းပညာပေးဆောင် ရွက်သွားကြရန်နှင့် တောင်သူအားလုံးမှ လိုက်နာကျင့်သုံးကြစေရေး စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်းအထွက်နှုန်းရရှိရေးအတွက် လုပ်ငန်း များဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်း လင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး ကတိုင်းဒေသကြီးအတွင်း သီးနှံများပန်းတိုင်းအထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်ဆွက်ဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာမြို့နယ်၊ မုံရွေးကျေးရွာမှ တောင်သူတစ်ဦး ထံ ပုလဲမြေသြဇာများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က မုံရွာမြို့နယ်၊ အောက်ဆိမ့်တောကျေးရွာမှ တောင်သူတစ်ဦးထံ ပိုက်ဆံလျှော်မျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မုံရွာမြို့နယ်၊ ရွာတုံကျေးရွာမှ တောင်သူ တစ်ဦးထံ နေကြာမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက မုံရွာ မြို့နယ်၊ ကျောက္ကာကျေးရွာမှ တောင်သူတစ်ဦးထံ ဝါမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီးက ဘုတလင်မြို့နယ်၊ အုတ်အိုင်ကျေးရွာမှ တောင်သူတစ်ဦးထံ ယူရီး ယားမြေသြဇာများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဘုတ လင်မြို့နယ်၊ ချပ်ကလေးကျေးရွာမှ တောင်သူတစ်ဦးထံ ယူရီးယားမြေသြဇာများအား လည်း ကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာမှ တောင်သူတစ်ဦးထံ ဝါမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က မုံရွာမြို့နယ်၊ အောက်ဆိမ့်တောကျေးရွာမှ တောင်သူတစ်ဦးထံ ပုလဲမြေသြဇာများအား လည်းကောင်း အသီး သီး ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနား သို့ တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်း စိုက်ပျိုးထားသည့် ပျိုးဥယျာဉ်နှင့် စားဖိုဆောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများ အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး သွင်း အားစုများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက် မုံရွာ၊ ဇူလိုင် ၂၄ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သီးနှံများပန်းတိုင်ထွက်နှုန်းရရှိရေး သွင်းအားစုများပေး အပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်အတွင်းရှိ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုး စွမ်းအား မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ကြရာတွင် စိုက်ပျိုးမြေဧရိယာအသုံးချမှုတိုးတက် ရေး၊တစ်ဧကထုတ်လုပ်မှု စွမ်းအားတိုးတက်ရေးနှင့် တောင်သူများဝင်ငွေ တိုးတက်ရရှိရေး အတွက် ရည်မှန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် စိုက်ပျိုး နေသည့် သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးသည် အထူးအလေးပေးကြိုးစား ဆောင် ရွက်ရမည့်အချက်ဖြစ်ပြီး ဌာနနှင့်တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ရေး၊ လယ်ယာ ကဏ္ဍ ကုန်ထုတ်စွမ်းအားများ မြင့်မားလာ စေရေး၊ တောင်သူများဝင်ငွေ တိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့်စားရေရိက္ခာများ ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင် ရွက်ပေးလျက် ရှိပါကြောင်း၊ စိုက်ပျိုးနေသည့် စံပြစိုက်ခင်းများအား ပန်းတိုင်အထွက်နှုန်းရရှိရန် ကြိုးစားစိုက်ပျိုး နေကြသည့်တောင်သူများအား ဖိတ်ခေါ်ပြသပြီး သီးနှံအလိုက်စနစ်တကျစိုက်ပျိုးသွားကြမည် ဆိုပါက တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိနိုင်မှာ ဖြစ် ပါကြောင်း၊ သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း မျိုးစေ့၊ ဓာတ်မြေဩဇာနှင့်သွင်း အားစုလိုအပ်ချက်များအား အပြည့်အဝပံ့ပိုးကူညီပေးသွားမှာ ဖြစ်သကဲ့သို့ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း တောင်သူများလိုအပ်သည့် မျိုးကောင်း၊မျိုးသန့်များ သုံးစွဲစိုက် ပျိုးနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ နည်းစနစ်တကျ စိုက်ပျိုးရေးစသည့် အခြေခံလိုအပ်ချက်များအား နည်းပညာပေးဆောင် ရွက်သွားကြရန်နှင့် တောင်သူအားလုံးမှ လိုက်နာကျင့်သုံးကြစေရေး စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်းအထွက်နှုန်းရရှိရေးအတွက် လုပ်ငန်း များဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်း လင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး ကတိုင်းဒေသကြီးအတွင်း သီးနှံများပန်းတိုင်းအထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်ဆွက်ဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာမြို့နယ်၊ မုံရွေးကျေးရွာမှ တောင်သူတစ်ဦး ထံ ပုလဲမြေသြဇာများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က မုံရွာမြို့နယ်၊ အောက်ဆိမ့်တောကျေးရွာမှ တောင်သူတစ်ဦးထံ ပိုက်ဆံလျှော်မျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မုံရွာမြို့နယ်၊ ရွာတုံကျေးရွာမှ တောင်သူ တစ်ဦးထံ နေကြာမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက မုံရွာ မြို့နယ်၊ ကျောက္ကာကျေးရွာမှ တောင်သူတစ်ဦးထံ ဝါမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီးက ဘုတလင်မြို့နယ်၊ အုတ်အိုင်ကျေးရွာမှ တောင်သူတစ်ဦးထံ ယူရီး ယားမြေသြဇာများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဘုတ လင်မြို့နယ်၊ ချပ်ကလေးကျေးရွာမှ တောင်သူတစ်ဦးထံ ယူရီးယားမြေသြဇာများအား လည်း ကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာမှ တောင်သူတစ်ဦးထံ ဝါမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က မုံရွာမြို့နယ်၊ အောက်ဆိမ့်တောကျေးရွာမှ တောင်သူတစ်ဦးထံ ပုလဲမြေသြဇာများအား လည်းကောင်း အသီး သီး ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနား သို့ တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်း စိုက်ပျိုးထားသည့် ပျိုးဥယျာဉ်နှင့် စားဖိုဆောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများ အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





