စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) တက်ရောက်
မုံရွာ၊ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄)ကို ဇူလိုင်လ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံ အထက်ပိုင်းဒေသ များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ အနိမ့်ပိုင်းဒေသများတွင် ရေဝင်ပြောင်းရွှေ့မှုများ ချင်းတွင်းမြစ်တွင် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ မင်းကင်းမြို့နယ်များ ဧရာဝတီမြစ်တွင် ကသာ၊ ကျောက်မြောင်း၊ စစ်ကိုင်းမြို့ များတွင်လည်း ရေဝင်ပြောင်းရွှေ့မှုများ ရှိလာခဲ့သည့်အတွက် လိုအပ်သည်များ ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဘေးသင့်ပြည်သူများအား နေထိုင်၊စားသောက်ရေးနှင့် ကျန်း မာရေးစောင့်ရှောက်မှုများပေးသွားကြရန်နှင့် ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းအား တာဝန်ရှိသူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များတွင် ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အသီးသီးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊ လူမှု ရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ဝိုင်းဝန်းပူးပေါင်း၍ ဘေးသင့်ပြည်သူများအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေး မှူးများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း သဘာဝဘေးအန္တ ရာယ်များဖြစ် ပွားလာပါက ကြိုတင်ကာကွယ်ပြင်ဆင်ထားရှိမှုလုပ်ငန်းများနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်း များဆောင်ရွက်နေမှု၊ နေထိုင်ရေး၊ စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူ ထောင်ရေးနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု လုပ်ငန်းများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့်လည်း ကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့ နယ်များ၏ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ပြင်ဆင်ထား ရှိမှုလုပ် ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း တင်ပြကြ သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသ ကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရှိရေး လုပ်ငန်းအခြေအ နေများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ဆေးရုံ အုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့်တွေ့ဆုံရာ ဆေးရုံကြီး၏ကုသရေးလုပ် ငန်းများ၊ ဆေးဝါးများနှင့် လိုအပ်သည်များကို ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်ကြီးများမှ အသီးသီး ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံကြီးနှင့် လူနာများ၏ကုသရေးလုပ် ငန်းများအတွက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးရှိ မျက်စိစမ်းသပ်ခန်း၊ အမြင်အာရုံစမ်းသပ်ခန်းတို့တွင် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူ ၃၀၀ ဦးအား ဇူလိုင်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးနေမှုများနှင့် ခွဲစိတ်ပြီးလူနာများအား ထောက်ပံ့ပေးအပ်မည့် ဆေး ဝါးများနှင့်နေကာမျက်မှန်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လူနာများအား ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးခဲ့ကြောင်း သိရသည်။



























