မုံရွာ၊ ဇွန် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ အင်ဂျင်နီယာမှူးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ် အလိုက်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း၊ ဟုမ္မလင်းခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ချင်းတွင်းမြစ် ကူးတံတား(ထမံသီ) ပင်းမရွာဘက်ခြင်းနှင့် ထမံသီရွာဘက်ခြမ်းတို့တွင် ချဉ်းကပ်လမ်းများ ဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အား ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှု လွယ်ကူမြန်ဆန်လာခြင်းကြောင့် ၄င်းတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ပါကြောင်း၊ ဒေသ၏ထုတ်ကုန်များကို လွယ်ကူစွာသယ်ယူပို့ဆောင် နိုင်ခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအား များစွာအထောက်အကူပြုမည့် တံတားကြီးတစ်စင်းဖြစ် ပါကြောင်း၊ ၎င်းအပြင် လေရှီးမြို့နယ်အစွန်အဖျားရှိ ဆွမ္မရာမြို့နှင့် ပန်ဆပ်ကျေးရွာ၊ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများသည် ဟုမ္မလင်း၊ ခန္တီးနှင့်မော်လိုက်ခရိုင်များသို့ လွယ်ကူစွာ သွားလာနိုင်ခြင်းကြောင်း ၄င်းတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပြင် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးပြုစေမည်ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ် ကာလတွင်ပြီးစီးရေးနှင့် သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်း မွန်အောင် တည်ဆောက်သွားရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက်ရရှိသည့် ရန်ပုံငွေများကိုလည်း စနစ်တကျသုံးစွဲသွားကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း သတိပြု ဆောင်ရွက်စေလိုပါကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်ကူးတံ တား(ထမံသီ) တံတားကြီး၏ ပင်းမရွာဘက်ခြင်းချဉ်းကပ်လမ်း ဆောင်ရွက်နေမှု၊ ပင်မတံတား ကြီးတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ထမံသီရွာဘက်ခြမ်း ချဉ်းကပ်လမ်းဆောင် ရွက်နေမှုများများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်း မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် - ၈၀၁ မီတာ၊ အကျယ် - ၉.၄ မီတာ၊ တံတားအခန်းပေါင်း - ၁၅ ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL)ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံး၏ ၆၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထမံသီကျေးရွာ၊ ပင်းမာကျေးရွာတို့မှ ပြည်သူများမှ အဆိုပါတံတားကြီးအနီး ချင်းတွင်းမြစ်အတွင်းသို့ ငါးမြစ်ချင်းနှင့်ထိုင်းငါးခုံးမကြီး ကောင်ရေ ၁၃၀၀၀၀ (တစ်သိန်းသုံးသောင်း)အား ချင်းတွင်းမြစ်အတွင်း စိုက်ထည့်ပေးခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လေရှီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော လေရှီးမြို့ရှိမြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ လေရှီးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမောင်က မြို့နယ်အတွင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်း လင်းတင်ပြပြီး မြို့မိမြို့ဖများနှင့်ယဉ်ကျေးမှုအဖွဲ့များက လေရှီးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသူ များအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မြို့နယ်အဆင့်ဌာနဆိုင်ရာဝန် ထမ်းများနှင့် လေရှီးမြို့နယ် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေများနှင့် စာသောက်ဖွယ်ရာများအား လည်းကောင်း တာဝန်ရှိသူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းဆောင်ရွက်နေသည့် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး၊မွေးမြူထုတ် လုပ်ရန်လိုအပ်မှု၊ ရာသီဥတုကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် စနစ်ကျ ကုန်းမြင့်လယ်ယာ ဖော်ထုတ်စိုက်ပျိုးခြင်းဖြင့် ရွေ့ပြောင်းတောင်ယာခုတ်၍ စိုက်ပျိုးမှုစနစ်ပ ပျောက်ရန်လိုအပ်မှု အခြေအနေများ၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် လေရှီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ဌာနဆိုင်ရာ များကိုဦးဆောင်၍ စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သွားရန် ၊ဒေသဖွံ့ဖြိးရေးလုပ်ငန်းများအား ပေါင်းစပ် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။







