စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၁) တက်ရောက်ခြင်းနှင့် မုံရွာမြို စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၆/၂၀၂၁)ကို သြဂုတ်လ(၂၇)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုလျော့နည်းရေးအတွက် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ကောင်းမွန်တိုးတက်သည့်ရလဒ်များ ဖြစ်ပေါ်လာသော်လည်း အချို့မြို့နယ်များတွင် ပိုးတွေ့မှု လျော့နည်းခြင်း မရှိသေးပါ၍ ပြည်သူများ ကိုယ်စီအသိဖြင့် လိုက်နာလုပ်ဆောင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လုံလောက်မှု ရှိရန်နှင့် စနစ်တကျသုံးစွဲကြရန် တာဝန်ရှိသူများမှ ကြီးကြပ်၍ စီမံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် မြို့နယ်များတွင် တည်ဆောက်လျက်ရှိသည့် Oxygen စက်ရုံများ အချိန်မီဆောက်လုပ်ပြီးစီးရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။ ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က ကာကွယ် ဆေးများထပ်မံရောက်ရှိလာပါက မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လိုအပ်နေသည့် အောက်ဆီဂျင်အိုးများ လုံလောက်စွာရရှိစေနိုင်ရေး လုပ်ငန်းများအား တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်စစ်ဆေးရေး ဂိတ်များ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည် ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလိုအပ်သည့် ဆေးဝါးများနှင့် အောက်ဆီဂျင်များ လုံလောက်စွာရရှိရေး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်ဂိတ်များ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ရွှေဗျိုင်းဖြူ ကုမ္ပဏီမှလှူဒါန်းသော Liquid Oxygen Tank တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး အောက်ဆီဂျင်အိုးများဖြည့်သွင်းနေမှုနှင့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများထားရှိသည့် အထူးကြပ်မတ်အဆောင်အား CCTV ကင်မရာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်း တည်ဆောက်ပြီးစီးသော ရွှေဗျိုင်းဖြူ ကုမ္ပဏီမှ လှူဒါန်းသည့် Liquid Oxygen Tank သည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ - ၆၈ ဦးအား ၂၄ နာရီ အောက်ဆီဂျင်ပိုက်လိုင်းစနစ်ဖြင့် တိုက်ရိုက် ပေးပို့သွားမည်ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သလ္လာရတနာခန်းမတွင် ဆေးရုံဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းမှူးနှင့်အတူ ဆေးရုံအုပ်ကြီးထံ စားသောက် ဖွယ်ရာများ ပေးအပ်ကာ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြိးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် အိုးဘိုတောင်ရပ်ကွက်ရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး တာဝန်ခံမှ တည်ဆောက်လုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြီး Sky Home ကုမ္ပဏိမှ ဦးဝေဟင်အောင်ဝင်း က အောက်ဆီဂျင် ထုတ်လုပ်စက် လည်ပတ်နေမှုလုပ်ငန်းများနှင့် ပက်သက်၍ လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံမှ တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ - ၈ လုံးထွက်ရှိမည်ဖြစ်ရာ တစ်ရက် ၁၂ နာရီလည်ပတ်ချိန်ဖြင့် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၁၀၀ လုံး ဖြည့်သွင်းနိုင်မည်ဖြစ်ရာ မုံရွာမြို့နှင့် အခြားမြို့နယ်များရှိ ဆေးရုံများ၊ လူမူရေး အသင်းအဖွဲ့ များနှင့်ပြည်သူများသို့ အောက်ဆီဂျင်များ ခွဲဝေဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ တိုင်းဒေသကြီး အတွင်းလိုအပ်သည့် အောက်ဆီဂျင်များပြည့်မီစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနိုုင်းအစည်းအဝေး တက်ရောက် MONYWA / AUGUST 26, 2021 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနိုုင်း အစည်းအဝေးကို သြဂုတ် လ(၂၆)ရက်၊ မွန်းလွဲ(၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် (၃၆)ဦးမှာ Video Conferening စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြာရာတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသည့်တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ စပါးသီးနှံမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးပြီးလျှင် စိုက်ပျိုးဧက အများဆုံး ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ တို့တွင် စိုက်ဧကအများဆုံးစိုက်ပျိုးရာ တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အဓိက သီးနှံဖြစ်သည့် စပါးသီးနှံကို ပြည်တွင်းဝမ်းစာဖူလုံအောင် ဆောင်ရွက်ရုံမက ပိုလျှံသည့်စပါးများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချည်မျှင်ရှည်ဝါ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကချည်မျှင်နှင့် အထည်စက်ရုံများ၏ ဝါဂွမ်းလိုအပ်ချက်အား ဖြည့်ဆည်းနိုင်သည့်အပြင် ပိုလျှံသည့်ဝါဂွမ်းများအား ပြည်ပသို့တင်ပို့ခြင်းဖြင့်နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိမှာ ဖြစ့်သည့်အပြင် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှာဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ပျိုး ရာသီတွင် တိုင်းဒေသကြီးအတွင်း စုစုပေါင်း- ၁၈၂၅၀၀၀ ဧက စိုက်ပျိုး သွားမည်ဖြစ်ရာ ယနေ့အထိ - ၁၂၃၂၁၆၈ ဧက စိုက်ပျိုးပြီးဖြစ်ရာ စက်တင်ဘာ လကုန်တွင် လျာထားချက် ပြည့်မီရေး ကြိုးစားဆောင်ရွက် သွားရန်နှင့် ဝါသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားချက်-၇၉၃၄၆ ဧကအပေါ် ယနေ့အချိန်အထိကို -၃၆၃၅၁ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ပျိုးရန် လျာထားချက်ပြည့်မီရေး စပါးနှင့်ဝါသီးနှံတစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနများအလိုက်ဆောင်ရွက်နေသော စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးများက မိမိတို့ခရိုင် များအတွင်း စပါး၊ ပဲမျိုးစုံ၊ ဝါသီးနှံနှင့် အခြားသီးနှံများစ်ိုက်ပျိုးပြီးစီးမှု၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများနှင့် ဆက်လက်စိုက်ပျိုးမည့်လုပ်ငန်းများအား အသီးသီးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတွင်းရေးမှူးတို့က စိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအနေဖြင့် စပါးသီးနှံနှင့် ဝါသီးနှံစိုက်ပျိုးရေးကိုသာမကဘဲ အခြားဝင်ငွေရသီးနှံများနှင့် စားဖိုဆောင်သီးနှံများရဲ့ အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ရာ စိုက်ပျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနများပေါင်းစပ်၍ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန် ပြေကြားပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆန်၊ ဆီ၊ ကြက်သွန် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်း MONYWA / AUGUST 25, 2021 စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သြဂုတ်လ(၂၅)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကျောက္ကာ(တောင်)ကျေးရွာရှိ ရွှေဂူနီစေတီတော် မြတ်ကြီးသို့ ရောက်ရှိရာ ဘုရားဖူးပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေးနှင့် စေတီတော်ကြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလှူငွေကျပ် (၁၀)သိန်းအား ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဓမ္မပါရဂူပါဠိ တက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိရာ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ် လှူဒါန်းကာ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ တိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်) ဒုတိယဥက္ကဌ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းကာ သာသနာတော်ဆိုင်ရာများ လျောက်ထားခဲ့ကြပါသည်။ အဆိုပါ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ဓမ္မပါရဂူပါဠိတက္ကသိုလ် ကျောင်းတိုက်သို့ ဆန်(၁၀) အိတ်၊ ဆီ (၃၀)ပိဿာ၊ ကြက်သွန် (၂၅)ပိဿာ၊ ကုလားပဲ (၅၀)ပိဿာ၊ ဆား (၁၀)ပိဿာနှင့် ဘုရားကြီးရပ်ကွက်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်သို့ ဆန်(၁၅)အိတ်၊ ဆီ (၄၀)ပိဿာ၊ ကြက်သွန် (၃၅)ပိဿာ၊ ကုလားပဲ (၇၀)ပိဿာ၊ ဆား(၁၀)ပိဿာ ကာလတန်ဘိုးငွေကျပ် စုစုပေါင်း(၁၈)သိန်းကျော်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက် MONYWA / AUGUST 22, 2021 စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ (၂၁)ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရှိ ပျော့ရွာလျှပ်စစ်မြစ်ရေတင် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးချိုလတ်က ပျော့ရွာလျှပ်စစ်မြစ်ရေတင်စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ မူးမြစ်မှရေတင်အဆင့် - ၃ ဆင့်ဖြင့် ပင်မ မြောင်းအရှည် - ၁၂.၀၈ မိုင်၊ လက်တံမြောင်း-၁၅ ခု၊ အရှည်မိုင်-၁၉.၆ မိုင်ဖြင့်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း ဧရိယာဧက-၃၆၀၀ တွင် မိုးစပါးဧက - ၂၀၀၀ နှင့် နွေစပါးဧက - ၁၀၀၀ ကို စိုက်ပျိုးရေပေးဝေနေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က စီမံကိန်းဧရိယာ ပြည့်မီရေး၊ နှစ်အလိုက်လျာထားတိုးချဲ့ စိုက်ပျိုးဆောင်ရွက်သွားရန်နှင့် ရေသောက်ဧရိယာအတွင်း ရေအသုံးချသူများအစုအဖွဲ့၊ ဖွဲ့စည်း၍ အလေအလွင့်မရှိ စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီးအတွင်း မိုးစပါး - ၁၈၂၅၀၀၀ စိုက်ပျိုးရန် လျာထားရာ ယနေ့အချိန်အထိ - ၁၁၈၀၇၅၅ စိုက်ပျိုး ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရာသီ စက်တင်ဘာလကုန်တွင် အပြီးစိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ မူးမြစ်အတွင်းမှ စိုက်ပျိူးရေတင်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ပျော့ရွာ၊ တောင်သူဦးဝင်းလိူင်၏ ကွင်းအမှတ်- ၃၆၅ ဧရာမင်းစပါး - ၃ ဧက တစ်ဧကတင်း- ၁၀၀ အထက်ထွက်ရှိရေး စံပြကွက်အတွင်း သမန်းနိုး၍မြေသြဇာကြဲပတ်နေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး ထီးဆောင်းကျေးရွာ၊ ဒေသမျိုးထိန်းမျိုးပွားနှင့် တိရစ္ဆာအစာဖွံ့ဖြိုးရေးသုတေသနခြံသို့ ရောက်ရှိရာ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ဒေသနွားများမွေးမြူထားရှိမှုနှင့် တိရစ္ဆာအစာဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းတင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဒေသနွားပြာစိမ်းနှင့်ရွှေနီနွားများ မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၊ ဒေသမျိုးထိန်းမျိုးပွားနှင့် တိရစ္ဆာအစာဖွံ့ဖြိုးရေး သုတေသနခြံအနေဖြင့် ဒေသနွားမျိုးထိန်း၊ မျိုးပွားနိုင်ရေးအတွက် ပြာစိမ်းနွား- ၇၈ ကောင်၊ ရွှေနီနွား- ၈၁ ကောင်၊ စုစုပေါင်း- ၁၅၉ ကောင် မွေးမြူထားရှိပြီး နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများအား နွားစာ ချည်ဖတ် ပြုလုပ်နည်းသင်တန်း၊ နွေရာသီအစာရှားပါးချိန်တွင် ဖြည့်စွက်အစာအဖြစ် ကျွေးမွေးနိုင်ရန်အတွက် ယူရီယားသကာတုံး ပြုလုပ်ခြင်း သင်တန်းများနှင့် စားကျက်စိုက်ပျိုးထုတ်လုပ်ခြင်း သင်တန်းများအား သင်ကြားပေးလျက်ရှိပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြင်းမူမြို့၊ မြို့မမြောက်ရပ်ကွက်ရှိ တောင်သူ ဦးဝင်းမင်းသန်း၊ ကွင်းအမှတ်(၃၄၀) ရွှေတောင်(၈) ဝါမျိုးသန့်စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု့အားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါသီးနှံတစ်ဧက အထွက် နှုန်းကောင်းမွန်ရေးအတွက် အရည်အသွေးကောင်းမွန်ပြီး ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိသည့် ငွေချည်(၆)၊ ငွေချည်(၉)၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)နှင့် ငွေချည်(၁၁)မျိုးများဖြင့် ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် ဝါမျိုး ကောင်း၊ မျိုးသန့်၊မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု အထွက်တိုးနည်းပညာ များအား ပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်သွားကြရန် မှာကြားကာ တိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဝါစိုက်ပျိုးရာသီအမီ ချည်မျှင်ရှည်ဝါ - ၅၉၇၄၆ ဧကလျာထား စိုက်ပျိူးနိုင်ရေး ပေါင်းစပ် ညှိနိုင်းဆေင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မြင်းမူမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမနှင့် မြောင်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ၊ ထီးလိူင်ရှင်ခန်းမများတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲနှင့် အောက်ဆီဂျင် စလင်ဒါများ၊ Concentrator နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမူရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ လိုအပ်သည်များ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိ သူများထံ အောက်ဆီဂျင်စလင်ဒါများ၊ Concentrator နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေမှုများနှင့် ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း MONYWA / AUGUST 21, 2021 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျှက် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ အသက် ၆၅ နှစ်နှင့် အထက် အဘိုး/အဘွားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများသည် ချောင်းဦးမြို့၊ အနော်ရထာခန်းမ၌ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် အောက်စီဂျင် စလင်ဒါများနှင့် Concentrator၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်မှ အဖွင့်အမှာ စကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ တင်ပြချက်များအပေါ် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေကြသော ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ အတွက် အောက်စီဂျင်စလင်ဒါ 40L အိုးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာရှိ စံပြဝါ ၁၈ ဧကစိုက်ခင်းသို့ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ ချည်မျှင်ရှည်ဝါစိုက်ပျိုးနေမှုများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဝါစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၅၉၇၄၆ ဧကစိုက်ပျိုးရန် လျာထားမှုအပေါ် ၁၈၀၁၅ ဧက စိုက်ပျိုးပြီးဖြစ်သဖြင့် ဝါစိုက်ပျိုးရန် ကျန်ရှိသည့်ဧရိယာများအား စက်တင်ဘာလကုန်အပြီး စိုက်ပျိုးနိုင်ရေးနှင့် ၁ ဧက ဝါအထွက်နှုန်း တိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချောင်းဦးမြို့နယ်၊ ငါးရှန်ကျေးရွာ မြေပဲစိုက်ခင်းသို့ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ သဘာဝပိုးသတ်ဆေးထုတ်လုပ်မှု သရုပ်ပြခြင်းနှင့် EM ဘိုကာရှီသဘာဝဓာတ်မြေသြာဇာ သရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့၍ ဓာတုဓာတ်ကြွင်းကင်းလွတ်သော သဘာဝပိုးသတ်ဆေးနှင့် မြေသြဇာများကို တောင်သူလယ်သမားများ လက်ဝယ်သို့ ရောက်ရှိရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်ရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား တက်ရောက် MONYWA / AUGUST 19, 2021 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများတွင် တင်ဒါလုပ်ငန်းဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲအခမ်းအနားကို သြဂုတ်လ(၁၈)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေကြသော တင်ဒါလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင်“ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ခွင့်ပြုလုပ်ငန်းများအားလုံးကို နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့်အညီ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံဆောင်ရွက်ရာတွင် အရည်အသွေးမှန်ကန်ပြည့်မီခြင်းရှိ/မရှိ ကျွမ်းကျင်သူများ၏ အကူအညီရယူ၍ စီစစ်လက်ခံရန်နှင့် လိုအပ်သည်များကို အချိန်မီပြုပြင်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယခုအချိန်အခါသည် ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလဖြစ်သဖြင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများကိုယ်စီကြုံတွေ့နေကြသည်ကို သဘောပေါက်နားလည်ပါကြောင်း၊ သို့ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍မရသဖြင့် အခက်အခဲများရှိပါက ကြိုတင်၍တင်ပြကြရန်နှင့် မိမိတို့တာဝန်ရှိသူများကလည်း အတတ်နိုင်ဆုံး ဥပဒေလုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးကြပြီး အခမ်းအနားသို့ တက်ရောက်လာသော လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်လမ်း၊ ဆည်မြောင်းလုပ်ငန်းများနှင့် သက်ဆိုင်သော တင်ဒါလုပ်ငန်းရှင်များမှ မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်း အခက်အခဲများအား အသီးသီးဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးရသုံးမှန်ခြေငွေစာရင်းဦးစီးဌာနတို့က တည်ဆောက်ရေးလုပ်ငန်းများ လိုက်နာရမည့် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား စေတနာထားကာ စံချိန်စံညွှန်းအရည်အသွေး ပြည့်မီစွာဖြင့် သက်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်မှုအပေါ် အဂတိတရားကင်းရှင်းစွာဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။