စစ်ကိုင်းမြို့၌ ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးနေ့နှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုတိုက် ဖျက်ရေးနေ့နှင့်မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းနည်းပညာတက္ကသိုလ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရာသီဉတုပြောင်းလဲမှုနှင့်အတူ ကမ္ဘာ့ နှင့်တစ်ဝှမ်း အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့် ပြင်းထန်သည့်မိုးလေဝသဖြစ်စဉ်များနှင့် အကျိုးဆက်များအား ကမ္ဘာ့နှင့်တစ်ဝှမ်းရင်ဆိုင်ကြုံ တွေ့နေရသည်ကို အများသိရှိပြီးဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ရေရှည်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဉတုကောင်းမွန်လာခြင်းနှင့် စိုက်ပျိုးရေးအား အထောက် အကူဖြစ်စေရး၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားပါးမှုများအား ကာကွယ်တား ဆီးရေးတို့ အတွက် ယနေ့အခမ်းအနား၏ ဆောင်ပုဒ်နှင့်အညီ ကျွန်ုပ်တို့၏အမွေအနှစ် ကျွန်ုတို့၏အနာဂတ် ဖြစ်သော ကမ္ဘာ့မြေကိုဝိုင်းဝန်းစောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းနည်းပညာတက္ကသိုလ် ပါမောက္ခ ချုပ်ထံ စိုက်ပျိုးမည့်ပျိုးပင်များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌထံ စိုက်ပျိုးမည့်ပျိုးပင်များအား လည်းကောင်း၊ တိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီးက လမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးထံ စိုက်ပျိုးမည့်ပျိုးပင်များအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက မြို့နယ်စီမံအုပ်ချုပ်ရေးအအဖွဲ့ ဉက္ကဌထံ စိုက်ပျိုးမည့်ပျိုးပင်များအား လည်းကောင်း၊ တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ကျောင်းသား/သူများထံ စိုက်ပျိုးမည့်ပျိုးပင်များအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပိတောက်ပျိုးပင်အား စိုက်ပျိုးပေးပြီး တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စစ်ကိုင်းနည်ပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ် ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ် တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ စုပေါင်းသစ်ပင်စိုက် ပျိုးပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား နံနက်စာများဖြင့်ဧည့်ခံကျွေးမွေးကာ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ မှတ်စုစာအုပ်အား ဖြန့်ဝေးပေးခဲ့ကြပြီး ၂၀၂၃-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်တွင် အဆိုပါကျောင်းဝန်းအတွင်း စိုက်ပျိုးပေးခဲ့ကြသည့် တမာပင်များ ရှင်သန် ကြီးထွားနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့သဲကန္တရဖြစ်ထွန်းမှုတိုက်ဖျက်ရေးနေ့ နှင့်မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ် သားအရွယ်ရှိ တမာ၊ ရင်းမာ၊ မယ်ဇလီ၊ ဒဟတ်၊ ဖျောက်ဆိတ်၊ ပိတောက်၊ မယ်ဇယ်၊ ဝါး၊ စိန်းပန်း၊ တယ်၊ စုစု ပေါင်း ပျိုးပင် ၇၀၀ ကျော်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။








































