၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေး အပ်
မုံရွာ မေ ၂၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းသား/ သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းများ၊ မိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာသင်ကြားလျက်ရှိသည့် မိသားစု ဝင်များ၏သားသမီးများသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခေါင်း ဆောင်ကောင်းများ၊ သားကောင်းရတနာများ ဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များဖြစ် စေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးသွားကြရန်တာဝန်ရှိပြီး ပညာရည်ပြည့်ဝသည့် နိုင်ငံ့သား ကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်သည်လည်း တောက်ပြောင်လာ မှာဖြစ်ပါကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုသာမက လူ့အဖွဲ့ အစည်းရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏သား/သမီးများအား အကောင်းဆုံးပြုစုပျိုး ထောင်ပေးစေလိုပါကြောင်း၊ ကျောင်းသား/သူများလည်း အနာဂတ်တွင် ခေါင်းဆောင် ကောင်းများဖြစ်လာကြစေရေးနှင့် နိုင်ငံ့အကျိုး၊ ဘာသာ၊သာသနာအကျိုးအား သယ်ပိုးထမ်းရွက်ပြီး ပညာတတ်လူတော်လူကောင်းများ ဖြစ်လာကြစေရေး ကြိုးစားအားထုတ် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်တက်ရောက်နေသော ကျောင်း သား ၁ ဦးနှင့် အခြေခံပညာအထက်တန်းတက်ရောက်နေသော ကျောင်းသား ၁ ဦးတို့ထံ ပညာ သင်စရိတ်နှင့် ကျောင်းဝတ်စုံများအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ တက္ကသိုလ်တက်ရောက်နေသော ကျောင်းသူ ၁ ဦးနှင့် အခြေခံပညာအထက်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးတို့ထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအား လည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်က တက္ကသိုလ်တက်ရောက် နေသော ကျောင်းသား ၁ ဦးနှင့် အခြေခံပညာအလယ်တန်း တက်ရောက်နေသော ကျောင်းသား ၁ ဦးတို့ထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၏ ဇနီးမှ အခြေခံပညာအထက်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးနှင့် အခြေခံပညာ အလယ်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးတို့ထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံ များအား လည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းတက်ရောက်နေကြသော ကျောင်းသား/ကျောင်းသူများထံ ပညာသင် စရိတ်နှင့် ကျောင်းဝတ်စုံများအား အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းခံရသော ဝန်ထမ်းမိသားစုများကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်လင်းက ကျေးဇူး စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ခဲ့ကြသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်း သား/သမီး ကျောင်းသား ကျောင်းသူ (၁၄၆) ဦးအတွက် ငွေကျပ်စုစုပေါင်း - ၁၂၇၇၉၀၀၀ (တစ်ရာ နှစ်ဆယ့်ခုနှစ်သိန်း ခုနှစ် သောင်း ကိုးထောင်)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။






































