စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံ ရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီသင်တန်းများ ဆင်းပွဲ အခမ်း အနား မုံရွာမြို့၌ကျင်းပ
မုံရွာ မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လေး များအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင် စေရန် နည်းပညာများ၊အတတ် ပညာများ သင်ယူတတ်မြောက်စေရန်ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သည့် နွေရာသီ အခြေခံပန်းချီသင်တန်း၊ ကွန်ပျူတာပန်းချီသင်တန်း၊ အင်္ဂလိပ်စာ(Grammar) သင်တန်းများ(၂/၂၀၂၄)နှင့်အခြေခံကွန်ပျူ တာသင်တန်း (၃/၂၀၂၄) သင်တန်း များဆင်းပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မုံရွာခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန ၊ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ နည်းပြဆရာ၊ ဆရာမများ၊ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က ယခုလိုနွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်းကလေးများအတွက်အကျိုး ဖြစ်ထွန်းစေမည့် အင်္ဂလိပ်စာ (Grammar)သင်တန်းအပါအဝင် အခြေခံပန်းချီ၊ကွန်ပျူတာပန်းချီ သင်တန်းတို့ကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့လို့ ကျောင်းသား၊ကျောင်းသူလူငယ်မောင်မယ် များ အတွက်အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါ ကြောင်း၊ ဒါ့အပြင်အခြေခံကွန်ပျူတာ သင်တန်းများလည်း အပတ်စဉ်ဖွင့်လှစ်ပို့ချနိုင်ခဲ့လို့ဒေသတွင်း လူငယ်လေးများအတွက် အလုပ် အကိုင် အခွင့်အလမ်းများ ရရှိစေရေး ဖန်တီးပေးနိုင်သည့်အတွက် များစွာ ဝမ်းမြောက်မိကြောင်းနှင့် ကွန်ပျူတာသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး အမှာစကားပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက တိုင်းဒေသကြီးအတွင်း နွေရာသီ သင်တန်းများဖွင့်လှစ်ပို့ချခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က သင်တန်းများဆက်လက်ဖွင့် လှစ်နိုင်ရေး သက်ဆိုင်ရာဌာနများ၊ နည်းပြများ ၊ ကျောင်းသားမိဘများနှင့်ပူးပေါင်း ဆောင်ရွက်ရေး ၊ နိုင်ငံတော်အကြီးအကဲ ၏လမ်းညွှန်ချက်နှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားသည်။
ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အင်္ဂလိပ်စာ (Grammar) သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား များအားလည်းကောင်း ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးက ကွန်ပျူတာပန်းချီသင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား ၊ကျောင်းသူများအား လည်းကောင်း ၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အခြေခံ ပန်းချီသင်တန်း (စိတ်ကြိုက်ပန်းချီပြိုင်ပွဲ) တွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအားလည်းကောင်း၊စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အခြေခံပန်းချီသင်တန်း ပုံတူ(ပန်းချီ ပြိုင်ပွဲ)တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/ ၂၀၂၄) တွင်တက်ရောက်ခဲ့ကြသည့် သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက သင်တန်းနည်းပြ ဆရာ ၊ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်းအသီးသီးပေးအပ်ခဲ့ကြပြီးနောက် Englisn Grammarသင်တန်း အမှတ်စဉ် (၂/၂၀၂၄)မှ သင်တန်းသား၊ သင်တန်းသူများက Group Song ဖြင့် သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၂၄ ) သင်တန်းသား ၊သင်တန်းသူများကိုယ်စား သင်တန်းသူ မခင်ဖြူဝေကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ပြီးနောက်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ၊ ဆုရကျောင်းသားကျောင်းသူများ၊ ကွန်ပျူတာသင်တန်းသား၊ သင်တန်းသူများက အမှတ်တရစု ပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး နောက် သင်တန်းသား သင်တန်းသူများ၏ ဆုရပန်းချီလက်ရာများ၊ ကွန်ပျူတာပန်းချီလက်ရာများအား ဝန်ကြီးချုပ်နှင့်တက်ရောက် လာကြသူများကလှည့်လည်ကြည့်ရှုအား ပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီသင်တန်းများကို တိုင်းဒေသကြီးအတွင်း မုံရွာမြို့အပါအဝင် ခရိုင်၊မြို့နယ်နှင့်မြို့ရုံးပေါင်း( ၁၇ ) ရုံးတို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလမှာ သင်တန်းများကို သင်္ကြန်မတိုင်မီကာလနှင့် သင်္ကြန်အပြီးကာလ (၂)သုတ်ခွဲကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပထမ အသုတ်မှာတိုင်းဒေသကြီးအတွင်း သင်တန်းစုစုပေါင်း (၃၉)ကြိမ်၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၁၂၆)ဦး၊ ဒုတိယအသုတ်မှာ တိုင်းဒေသကြီးအတွင်းခရိုင်/မြို့နယ်များတွင် သင်တန်းစုစုပေါင်း (၂၈)ကြိမ်၊ သင်တန်းသား၊ သင်တန်းသူ (၆၉၁)ဦးတက်ရောက်သင်ယူခဲ့ကြကြောင်း သိရှိရသည်။

























































