စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံပြီးစီးမှု ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံပြီးစီးမှု ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမများကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိခရိုင်/ မြို့နယ်များတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှု၊ ကျောင်းသား၊ကျောင်းသူများ ကျောင်း အပ်နှံပြီးစီးမှုအခြေအနေများ အခြေခံပညာကျောင်းများနှင့် စက်မှု၊စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင် ကြားနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အလေးထားပူးပေါင်းဆောင်ရွက်သွားကြ ရန်လို အပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့လည်း လိုအပ်ချက်များရှိပါက အချိန်နှင့် တပြေးညီ တင်ပြပေးသွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်က တိုင်းဒေ သကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိ မှုနှင့်ကျောင်း သား၊ကျောင်းသူများ ကျောင်းအပ်နှံပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင် ပြသည်။
ဆက်လက်ပြီး နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့ခရိုင်အတွင်း ရှိမြို့နယ်များတွင် အခြေခံပညာကျောင်းများဖွင့်လှစ်နေမှု၊ ကျောင်းအပ်နှံပြီးစီးမှု၊ သင်ကြားရေးလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေများအား Video Conferencing စနစ်ဖြင့် ရှင်းလင်းတင်ပြကြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်းရှိ မြို့နယ်များ၌ အခြေခံပညာကျောင်းများ ဖွင့်လှစ် ထားရှိမှုများနှင့် ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံပြီးစီးမှုအခြေအနေများအား ရှင်း လင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူ များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများဖွင့်လှစ် ထားရှိမှုနှင့် ကျောင်းအပ်နှံပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို အထ ွေထွေဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။




























