စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်အတွင်း မိုးစပါးများ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးမှုအပေါ် တောင်သူများအား မျိုးစပါးနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်
မုံရွာ၊ သြဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်အတွင်း မိုးစပါးများရေကြီးနစ်မြုပ်ထိခိုက် ပျက်စီးမှုအပေါ် တောင်သူများအား မျိုးစပါးနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ဟုမ္မလင်းခရိုင်အတွင်း မိုးစပါးများရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများအား စိုက်ပျိုးချိန်အမီ မိုးစပါးများပြန်လည်စိုက်ပျိုးနိုင်ရေး မျိုးကောင်း၊ မျိုးသန့်များနှင့် သွင်းအားစုများပြည့်ဝစွာရရှိရေးအား တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့်လည်း လျာထားသီးနှံ များအား စိုက်ဧကပြည့်မီအောင်စိုက်ပျိုးရေး၊ သီးထပ်စိုက်ပျိုးရေးနှင့် စိုက်ပျိုးသီးနှံများ အားပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းစိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဟုမ္မလင်းခရိုင်အတွင်းရှိ မြို့နယ်များ၌ မိုးစပါးများရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှု အခြေ အနေများအား ရှင်းလင်းပြောကြာသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ က မိုးစပါးများရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများထံ မျိုးစပါးသွင်းအားစု ဓါတ်မြေသြဇာ၊ ပိုးသက်ဆေးဖြန်းပုံးများနှင့် မျိုးစေ့ချကိရိယာများအား ထောက်ပံ့ပေး အပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်း မြို့နယ်၊ ကက်သာကျေးရွာအုပ်စု၊ နောင်မခမ်ရွာ၌ ကျင်းပပြုလုပ်သည့် လက်ဆွဲမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းကွင်းသရုပ်ပြသို့ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ဆွဲမျိုးစေ့ချ ကိရိ ယာဖြင့် မိုးစပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းကွင်းသရုပ်ပြသနေမှုအား ဒေသခံတောင် သူများနှင့်အတူ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။


































