စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများလေ့ကျင့်နေမှုကြည့်ရှုအား ပေး
မုံရွာ၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်း ဝန်းအတွင်းရှိ လေ့ကျင့်ရေးဘောလုံးကွင်း၌ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအား ကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ် စားပြု ပြေးခုန်ပစ်/ဘောလုံး အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက် ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြိုင်ပွဲဝင်အား အသင်းအုပ်ချုပ်သူများနှင့် ကစားသမားများအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အားကစားနည်းများအလိုက် ဆုများရရှိအောင် အစွမ်းကုန် လေ့ကျင့်ကြိုးစား ယှဉ်ပြိုင်သွား ကြရန်နှင့် လေ့ကျင့်နေသည့်ကာလအတွင်း ကျန်းမာရေးအား အထူးဂရုပြုနေထိုင်သွားကြ ရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လည်းသွားရောက်ယှဉ် ပြိုင်မည့် အားကစားသမားများအတွက် နေထိုင်၊စားသောကရေးနှင့် သွားလာရေးကိစ္စရပ် များအား လိုအပ်ချက်မရှိအောင် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်းရှိ သက်မှတ်အားကစားရုံများအတွင်း ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေ သကြီးကိုယ်စားပြု ပိုက်ကျော်ခြင်း၊ ခရာတေး၊ လက်ဝှေ့နှင့် အလေးမ အားကစားသမား များစခန်းသွင်းလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်အားကစား သမားများအား ရင်းရင်းနှီးနှီးနှတ်ဆက် အားပေးစကားများပြောကြားကာ ပြိုင်ပွဲဝင် အသင်းများ၏လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ စားရိပ်သာဆောင် ၂ တွင် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားက စားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး အမှတ်စဉ်(၄/၂၀၂၄)လုပ် ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြ ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အား ကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများ၊ စားသောက်ရေး/ နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများအား ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားနှင့်ကာယ ပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီးနှင့် အားကစားနည်းများအလိုက် တာဝန်ခံများ၊ အသင်း နည်းပြနှင့်အုပ်ချုပ်သူများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် အားကစားနည်းများ အလိုက် စခန်းသွင်းစုဖွဲ့လေ့ကျင့်နေမှုများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့် အခြေ အနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အသီး သီးဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြိုင်ပွဲများအတွက် တာဝန်ပေးအပ်ထားသည့် တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်သွား မည့်အားကစားနည်းအလိုက် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအပေါ် စိတ်ပါ ဝင်စားစွာအာရုံစူးစိုက်ပြီး အောင်မြင်မှုများရရှိအောင် တစိုက်မတ်မတ် အလေးထားဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြ/အားကစား သမားများအားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြိုင်ပွဲဖြစ်သလို ပြည်နယ်နှင့်တိုင်း ဒေသကြီးအားလုံးမှလည်း အနိုင်ရရှိရေး ကြိုတင်ပြင်ဆင်လာကြမည်ဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီးမှ တာဝန်ရှိသူများမှလည်း အထူးအလေးအနက်ထားပြီး စံချိန် ကောင်းများဖြင့် ဆုတံဆိပ်များရရှိကာ အောင်မြင်မှုများရရှိရေး ပေါ့ဆမှုမရှိဘဲ တာဝန် ယူမှု၊တာဝန်ခံမှုအပြည့်ဖြင့် ကြိုးစားကြီးကြပ် တာဝန်ယူဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ် သည့် အတွက်အောင်မြင်မှုရရှိရေးကိုသာ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အားက စားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများအတွက် ငွေကျပ် သိန်း (၁၀၀၀) အား ထောက်ပံ့ပေး အပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ စားရိပ်သာတွင် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်း ဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ် ကြီးနှင့်နည်းပြများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ အထူးနေ့လည်စာ အတူတကွ သုံးဆောင်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/သူ များ နေ့လည်စာသုံးဆောင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ် ကြီးထံ ငွေကျပ် (၁၀) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

















































