စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၃/၂၀၂၄)ဖွင့်ပွဲအခမ်းအနား ကျင်းပ
မုံရွာ၊ သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်း ကော်မတီနှင့် ဟိုတယ်နှင့်ခရီးသွားဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင် မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်း ပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီးထဲမှာ ဒုတိယအကျယ်အဝန်းဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး သွားလာလည်ပတ်စရာ ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ၊ စိတ်ဝင်စား စရာခရီးစဉ်ဒေသအများအပြားရှိသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ ရည်မှန်းချက်ဖြစ် သည့်မိသားစုများအား ပိုမိုကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ရရှိစေရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်းနှင့်ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများလာမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကိုလည်း တာဝန်ရှိသူအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ဟိုတယ်/တည်းခိုရိပ်သာများ၏ အမှိုက်စွန့်ပစ်စနစ် ရေဆိုးထုတ်လွှတ်စနစ်မှအစ ပတ်ဝန်းကျင်အားမထိခိုက်စေဘဲလိုက်လျောညီထွေမှုရှိမှသာ အဆင့်အတန်းအရည် အသွေးမြင့်မားသည့် ဟိုတယ်/တည်းခိုရိပ်သာများအဖြစ် နာမည်ရလာမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့လက်ရှိနေရာတွင် ရပ်နားမနေပဲ နောက်တစ်ဆင့် မြှင့်သည့်ပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်နှင့် ဘက်စုံစွမ်းဆောင် ရည်ရှိနေရန်အတွက် အခုလိုသင်တန်းမျိုးတွင် ကြိုးစားအားထုတ် လေ့ကျင့်သင်ကြားသွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေ သကြီးဦးစီးမှူး ဦးမြင့်စိန်က ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးကိုင်ဇာမှ သင်တန်းတွင် သင်ကြားသည့်မည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်း စရိတ်ထောက်ပံ့ငွေအား တိုင်းဒေသကြီး အသေးစားနှင့်စက်မှုလက်မှုဦးစီးဌာန တိုင်းဒေ သကြီးဦးစီးမှူးထံ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းခရီးသွား ဇုန်၏ ရှုခင်းများအားပုံဖော်ရိုက်ကူးထားသည့် “ဇေယျာကမ်းအလှပန်းချီ” တေးသီချင်း အားကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၃/၂၀၂၄)အား နာရီပေါင်း ၆၀ ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစု ပေါင်း ၄၈ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။































