စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင် စာရင်းကောက်ယူရေးညှိနှိုင်းအစည်း အဝေး (၅/၂၀၂၄) တက် ရောက်
မုံရွာ၊ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)ကို စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီး ကြပ်မှုကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ မုံရွာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ် မှုကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအား ကဏ္ဍအလိုက်အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် မူဝါဒချများမှတ်ပြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းများစသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအဖြစ်အသုံးပြုရသည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက် အလက်များအား သန်းခေါင်စာရင်းမှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေ၊ နိုင်ငံအတွင်းနေထိုင်သူများ၏ ဒေသအလိုက်၊ အသက်အပိုင်းအခြားအလိုက်၊ မြို့ပြကျေးလက်အလိုက် လူဦးရေကိုသာ ရရှိနိုင်ရုံသာမက ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက်လူဦးရေအား ခွဲခြားသိရှိနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်အဆင့်စီမံကိန်းအား အမျိုး သားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ မိမိတို့တိုင်းဒေသကြီးအတွက် အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်က တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင် ဆင်ထားရှိမှု ဆောင်ရွက်ထားရှိမှု၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စ ရပ်များ၊ မဲစာရင်းပြုစုရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေနေများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြ သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးဖြည့်စွက်ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြော ကြားခဲ့ကြောင်း သိရသည်။































