(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
မုံရွာ၊ ဒီဇင်ဘာ ၁၄
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့ ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်၊ နံနက် ပိုင်တွင်း စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ အဆိုပါလမ်းသစ်မုဒ်ဦးများရှေ့တွင် ကျင်းပပြုလုပ် ရာဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးအောင်တို့က ဝေဇယန္တာလမ်း၊ဇေယျာပူရလမ်း၊ ဘုရင့်နောင်လမ်း၊မရှိခဏလမ်း နိုင်လွန်ကတ္တရာလမ်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီပေး ခဲ့သည့် ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူ များနှင့် အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပေါ်ရှိ ထူပါရုံလမ်း၊ မင်းလမ်း ၊ဇေယျာမန်းလမ်း၊ ဈေးလမ်း နိုင်လွန်ကတ္တရာလမ်းများ ဖွင့်ပွဲကျင်းပရာ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌဦးမျိုးအောင်တို့က ထူပါရုံလမ်း၊ မင်းလမ်း၊ဇေယျာမန်းလမ်း ဈေးလမ်း နိုင်လွန်ကတ္တရာ လမ်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီပေး ခဲ့သည့် ဦးရွှေရိုး၊ဒေါ်မိုးအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူ များနှင့် အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့ပေါ်ရှိ ဝေဇယန္တာလမ်း၊ ဇေယျာပူရလမ်း၊ ဘုရင့်နောင်လမ်း၊မရှိခဏလမ်းနှင့် ထူပါရုံလမ်း၊ မင်းလမ်း၊ဇေယျာမန်း လမ်း၊ ဈေးလမ်း နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ဖွင့်ပွဲ ဒုတိယပိုင်း အခမ်း အနားကို စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်းများ အဆင့်မြှင့်တင်ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက စစ်ကိုင်းမြို့ပေါ်ရှိ ဝေဇယန္တာလမ်း၊ဇေယျာပူရလမ်း၊ ဘုရင့်နောင်လမ်း၊မရှိခဏလမ်းနှင့် ထူပါရုံလမ်း၊ မင်းလမ်း၊ ဇေယျာမန်းလမ်း၊ ဈေးလမ်း နိုင်လွန်ကတ္တရာလမ်းများ ဆောင် ရွက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ရပ်ကွက်နေပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ စစ်ကိုင်းမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်းများဆောင်ရွက်ခဲ့သည့်လုပ်ငန်း မှတ်တမ်းဓါတ်ပုံများအား လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။




































