စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူ များအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
မုံရွာ၊ ဇန်နဝါရီ ၃
၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီး အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအားဆုချီးမြှင့်ပွဲ အခမ်း အနားကို ဇန်နဝါရီလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ ဆုချီးမြှင့်ပွဲ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများမှ ကျောင်း အုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်”တေးသီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်ဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်ကျင်းပခဲ့သည့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူအားလုံးနှင့် ဆုရရှိသူများအား ယခုလိုပါဝင်ယှဉ်ပြိုင်မှုကို အသိ အမှတ်ပြုပါကြောင်းနှင့် နှစ်စဉ်ကျင်းပမည့် ပြိုင်ပွဲများတွင်လည်း ယခုလိုပဲဆက်လက် ပါဝင်ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ပညာရေးမှူးထံ ၂၀၂၅-ခုနှစ်၊(၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံ ပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေး အပ်ပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများ အား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၏ဇနီးက အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား လည်းကောင်း ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့်ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက် မှတ်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “ဗိုလ်ရှုသဘင်” တေးသီချင်းဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြား ရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ပြသထားသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ဆုရစာစီစာကုံး၊ ကဗျာ၊ ပန်းချီများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။




















p>
p>
p>
p>



