မုံရွာ၊ ဖေဖော်ဝါရီ ၅
၂၀၂၅-ခုနှစ်၊(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ အမှတ်(၂) အခြေခံ ပညာအထက်တန်း ကျောင်းရှိ “ရွှေပြည်စိုး”(၂)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ကျောင်းဆောင်သစ်ရှေ့တွင် ကျင်းပရာ ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်း အုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုကိုလွင်တို့က ၂၀၂၅-ခုနှစ်၊(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် “ရွှေပြည်စိုး”(၂)ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိ သူများက “ရွှေပြည်စိုး”(၂) ထပ်ကျောင်းဆောင်သစ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊(၇၈)နှစ်မြောက် ပြည် ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၂)အခြေခံပညာ အထက် တန်း ကျောင်းရှိ “ရွှေပြည်စိုး”(၂)ထပ် ကျောင်းဆောင်သစ်နှင့် အိုးဘိုတောင်ရပ်ကွက်၊ အခြေခံပ ညာအထက်တန်းကျောင်း(ခွဲ)ရှိ “မဟော်သဓာ”(၂)ထပ် ကျောင်းဆောင်သစ်များအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်ထောင်စု နေ့သည် မြန်မာနိုင်ငံ၏ အနာ ဂတ်အားပုံဖော်ပေးမည့် မျိုးဆက်သစ်လူငယ်များအတွက် အထူးအရေးကြီးသည့် နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း၊ လူငယ်များအတွက် ပြည်ထောင်စုနေ့သည် အတိတ်ကသင်ခန်း စာများအား တွေးတောဆင်ခြင်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအား ဖော်ဆောင် ပေးရေးသည် လူငယ်များ၏ အခန်းကဏ္ဍဖြစ်ပါကြောင်း၊ အဆိုပါအချက်များကြောင့် လူငယ်များအား ပြုစုပျိုးထောင်ပေးနေသည့် စာသင် ကျောင်းများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ ကျောင်းတစ်ကျောင်းဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူ၊ မိဘ၊ ရပ်ရွာ၊ နိုင်ငံတော်အစိုးရနှင့် ဘာသာရေး၊ လူမှုရေး၊ အသင်းအဖွဲ့ အသီး သီးတို့၏မျှော်လင့်ချက်၊ ရည်မှန်းချက်တို့များစွာထားရှိသည့် နေရာတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ကလေးများ၏အနာဂတ် ပိုမိုတောက်ပရေးအား လိုလားအားပေးသူအားလုံးမှ ယနေ့လွှဲပြောင်းပေးအပ်သည့် ကျောင်းဆောင်သစ်များအပါအဝင် အခြေခံပညာကျောင်း များတွင်ရှိသည့် ကျောင်းဆောင်များ၊ အခြေခံအဆောက်အအုံများ၊ သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများအား မပျက်စီးရအောင်နှင့် ရေရှည်တည်တံ့အသုံး ပြုနိုင် အောင်အတူအကွ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ကျောင်းဆောင်သစ်များ တည် ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းဆောင်သစ်များအား တာဝန်ယူတည်ဆောက်ခဲ့သည့် ကုမ္ပဏီများမှတာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ကျောင်းဆောင်သစ်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ အား လွှဲပြောင်းပေးအပ်ကြသည်။
ထို့နောက် သက်ဆိုင်ရာကျောင်းများမှ ကျောင်းကော်မတီဝင်များက ကျေးဇူးတင် စကားပြန်လည်ပြောကြားကြသည်။
ဆက်လက်၍ တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများထံ ကျောင်းဆောင် သစ်တည်ဆောက်ရေး တာဝန်ခံများမှ ကျောင်းဆောင်သစ်များဖွင့်ပွဲ အထိမ်းအမှတ်အလံ များအား ပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘို တောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်း(ခွဲ)ရှိ “မဟော်သဓာ” (၂)ထပ် ကျောင်းဆောင် သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာရာ ဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေး၏အဖွဲ့ ဥက္ကဌ ဦးကိုကိုလွင်တို့က ၂၀၂၅-ခုနှစ်၊(၇၈)နှစ်မြောက် ပြည် ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “မဟော်သဓာ”(၂)ထပ်ကျောင်းဆောင်သစ် အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်ဖွင့်ပွဲများတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာ/ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ် ပုံရိုက်ကူးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “မဟော်သဓာ”(၂) ထပ်ကျောင်းဆောင်သစ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသားမိဘများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ၂၀၂၅-ခုနှစ်၊(၇၈)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း “ရွှေပြည်စိုး”(၂)ထပ်ကျောင်းဆောင်သစ်သည် အလျား - ၁၂၀ ပေ၊ အနံ - ၃၀ ပေ၊ RCC ၂ ထပ် ကျောင်းဆောင်သစ်ဖြစ်ပြီး အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရှိ “မဟော်သဓာ”(၂)ထပ် ကျောင်း ဆောင်သစ်သည် အလျား - ၉၀ ပေ၊ အနံ - ၃၀ ပေ၊ RCC ၂ ထပ် ကျောင်းဆောင်သစ်များဖြစ်ကြောင်း သိရသည်။








