စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်စေတီတော်မြတ် ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း အောင်ပွဲမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေက ဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ
မုံရွာ၊ မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီ တော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း အောင်ပွဲမင်္ဂလာနှင့် ဗုဒ္ဓါဘိသေ ကအနေကဇာတင် မင်္ဂလာအခမ်းအနားကို မတ်လ ၈ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီ တော်ကြီးရင်ပြင်တွင် ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာ ရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့်ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီး များက ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းကြသည်။
ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများမှ ရွတ်ပွားသရဇ္ဇျယ်ချီးမြင့်တော်သည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆို ဆု တောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်ပရိသတ်များအား ထမင်း/ဟင်းနှင့် သစ်သီးပွဲများ ဧည့်ခံ ကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စေတီတော်ကြီးအား လက်ယာရစ်တစ် ပတ်ဖူးမျှော်ကြည်ညိုခဲ့ကြောင်း သိရသည်။
















