စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျေိာ် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေး ရွာများမှပြည်သူများအား အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများ အထူးကုကွင်းဆင်းကုသပေးနေမှု တတိယနေ့ သွားရောက်ကြည့် ရှုအားပေး
မုံရွာ၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ကန့်ဘလူတပ်နယ်မှူး၊ တိုင်းဒေသကြီးအအဆင့် ဌာနဆိုင် ရာများ၊ ကန့်ဘ လူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါ အထူးကုကွင်းဆင်းကုသပေးခြင်း တတိယနေ့ စစ်ဆေး၊ ကုသပေးနေ မှုများအားသွားရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရာက်ဆေးကုသမှု ခံယူကြသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ရင်းရင်းနှီး နှီးလိုက်လံနှုတ်ဆက် စကားများပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ နေ့လည်စာ ထမင်း၊ဟင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့တော်ခန်းမ အတွင်း မျက်စိလူနာ၊ သားဖွားမီးယပ်လူနာ၊ ကလေးလူနာနှင့် အထွေထွေရောဂါ သက် ဆိုင်ရာရောဂါများအလိုက် စာရင်းများပေးသွင်းနေမှုများနှင့် ရောဂါများအလိုက် စစ်ဆေး၊ စမ်းသပ်၊ကုသပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး ကုသရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ကန့်ဘလူမြို့နှင့် အနီး ဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးနေမှုများအား လိုက်လံ ကြည့်ရှုအားပေးပြီး ခွဲစိတ်ပြီးမျက်စိဝေဒနာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက် အားစကားများပြောကြားကာ တာဝန်ရှိသူများနှင့်အတူ မျက်စိခွဲစိတ်ပြီး လူနာများအား နေကာမျက်မှန်များ၊ နေ့လည်စာထမင်း၊ဟင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြ သည်။
အဆိုပါ ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့မှ ၂၇ နေ့အထိ ၅ ရက်ကြာ အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်း၊ သား ဖွားမီးယပ်၊ ကလေးနှင့် အထွေ ထွေရောဂါများအား အထူးကုကွင်းဆင်းကုသပေးသွား မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မျက်စိစမ်းသပ်လူနာ - ၇၀၅ ဦး၊ မျက်စိခွဲ စိတ်ကုသ ၇၈ ဦး၊ သားဖွားမီးယပ်လူနာ - ၇၄ ဦး၊ ကလေးလူနာ - ၅၇ ဦးနှင့် အထွေထွေရောဂါလူနာ - ၁၇၁ ဦး စုစု ပေါင်းလူနာ - ၁၀၈၅ ဦးတို့အား စစ်ဆေး၊ စမ်းသပ်၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





















