ဗန်းမောက်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များကပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း (၉၅၀)တန်ဘိုးရှိဓါတ်မှန်စက်ပေးအပ်လှူဒါန်း
ဗန်းမောက် မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်း သားရေးရာဝန်ကြီး၊ ဦးစိုင်းနိုင်နိုင်ကျော် ယနေ့ နံနက်ပိုင်းက ဗန်းမောက်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ငွေကျပ်သိန်း (၉၅၀) တန်ဖိုးရှိ ဓါတ်မှန်စက်ပေးအပ် လှူဒါန်းပွဲ အခမ်းအနား တက်ရောက် သည်။
အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားရာ၌မြို့နယ်အတွင်း လာရောက်ဆေးကုသမှုခံယူမည့် ပြည်သူများအား လွယ်ကူစွာကျန်းမာရေးစစ်ဆေးမှုခံယူနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် လုပ်ငန်းရှင် အလှူရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံအတွက် ငွေကျပ်သိန်း (၉၅၀)တန်ဘိုးရှိ ဓါတ်မှန်စက် လှူဒါန်းပေးအပ်နိုင်မှုအား ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လုံခြုံရေး ဆောင်ရွက်နေမှုများ လိုကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲမွန်အောင်၊ SNA တပ်မဟာ (၆၁၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဝစ်လုံဆေးကောင်းဆိုင် နှင့် အလှူရှင်များကိုယ်စား ဦးလူအောင်တို့က လှူဒါန်းမှုအတွက် ဂုဏ်ယူဝမ်းမြောက်စကားများပြောကြားကြသည်။
ဆက်လက်၍ မြို့နယ်ပြည်သူများကိုယ်စား မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာကျော်ကျော်လင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် SNA တပ်မဟာ (၆၁၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဝစ်လုံဆေးကောင်းဆိုင်က ဓါတ်မှန်စက်အားပေးအပ်လှူဒါန်းရာ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာကျော်ကျော်လင်းက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစိုင်းနိုင်နိုင်ကျော်က ဗန်းမောက်မြို့၊ မြို့မအခြေခံအလယ် တန်းကျောင်း စာစစ်ဌာနသို့သွားရောက်ပြီး စာမေးပွဲဖြေဆိုနေ သည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှု အားပေးပြီး စာမေးပွဲဖြေဆိုပြီးပြန်ထွက်လာသည့် ကျောင်းသားကျောင်းသူများအား အချိုရည်ဗူးများကုသိုလ်ပြု ဝေပေးခဲ့ကြကြောင်း သိရသည်။





























