ဟုမ္မလင်းမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ( ၁/ ၂၀၂၅)ဆင်းပွဲအခမ်းအနားကျင်းပ
ဟုမ္မလင်း၊မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည် အခြေခံစာကြည့်တိုက်ပညာသင်တန်း( ၁/ ၂၀၂၅) ဆင်းပွဲအခမ်းအနားကို မတ် ၃၁ ရက် နံနက်ပိုင်းက အဆိုပါဌာနရှိစာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းနိုင်နိုင်ကျော် က အခြေခံစာကြည့်တိုက်ပညာသင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်း သားများသည် စာကြည့်တိုက်၏အဓိကအခန်းကဏ္ဍကနေ ဆောင်ရွက်ရမည့်သူများဖြစ်ကြောင်း၊ သင် တန်းကသင်ကြားပို့ချခဲ့သည်များကို မိမိတို့စာကြည့်တိုက်မှာ လက်တွေ့အသုံးချဖို့လိုကြောင်း၊ စာကြည့် တိုက်သင်တန်းကရရှိသည့် စာကြည့်တိုက်ပညာတွေကို ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေမှာ အကျိုးရှိစွာ အသုံးပြုကြရန်၊ ပြည်သူတွေ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စည်းရုံးဆောင်ရွက်ပေးကြရန်နှင့် စာ ကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် စီစဥ်ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ရပ်ကွက်/ကျေးရွာနှင့်ကျောင်းစာကြည့်တိုက်များအတွက်သုတ/ရသစာအုပ်စာစောင်များကို ၊တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းနိုင်နိုင်ကျော် ကထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသားနှစ်ဦးကလက်ခံရယူခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား၊ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးရဲဝင်းက ပေးအပ် ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးကလက်ခံရယူခဲ့သည်။
ထို့နောက်သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခြေခံစာကြည့်တိုက် ပညာသင်တန်းကို မတ် ၂၄ ရက်မှ ၂၈ ရက်ထိ စာကြည့်တိုက်မိတ်ဆက်၊ စာစု/စာပြုလုပ်ငန်း၊ မျိုးတူစု လုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှု/ထိန်းသိမ်းမှုစနစ်၊ ကတ်တလောက်လုပ်ငန်း၊ စာငှားလုပ်ငန်း စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်းနှင့်သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံစာကြည့်တိုက်ပညာသင်တန်း ( ၁/ ၂၀၂၅)ဆင်းပွဲအခမ်းအနားသို့စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းနိုင်နိုင်ကျော်၊ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးရဲဝင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းဇော်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသင်တန်းသား(၂၀)ဦး၊တို့တက်ရောက် ခဲ့ကြပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၌ခင်းကျင်းပြသထားသော၊ဟုမ္မလင်းမြို့နယ်အတွင်းရှိသမိုင်းဝင်နှင့်အထင်ကရဘုရားစေတီဓါတ်ပုံမှတ်တမ်းများ၊လူထုအခြေပြုဗဟိုဌာန၌ဖွင့်လှစ်ခဲ့သောသင်တန်းမှတ်တမ်းပုံများ၊စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများပြသထားသည့်ပြဘုတ်များ၊ကလေးအလုပ် သမားပပျောက်ရေးဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးအသိပညာပေးနံရံကပ်စာစောင်နှင့်ဒေသခံတိုင်းရင်းသားတို့၏ရိုးရာဓလေ့အသုံး အဆောင်ပစ္စည်းများဟုတ/ရသစာအုပ်စာစောင်များကို အခမ်းအနားတက်ရောက်လာသူများကကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။





























