စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ တက်ရောက်
မုံရွာ၊ ဧပြီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်း ချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၁၁ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီးအတွင်းရှိ သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များ အားအခြေခံလျက် နိုင်ငံတော်နှင့် ပုဂ္ဂလိက ဘဏ္ဍာအရင်းအမြစ်များဖြင့် ပေါင်းစပ်ကာ ထွန်းအားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများအနေဖြင့်လည်း နိုင်ငံပိုင် အခန်းငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြိးစီးအောင် ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ကဏ္ဍနှင့်ဒေသအလိုက် လျာထားသည့် ဂျီဒီပီ တိုးတက်မှုနှင့် ရည်မှန်းချက်များအား ပြည့် မီကျော်လွန်အောင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင် က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာကဏ္ဍကြီးစီမံကိန်း တာဝန် အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးထံသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီးစီမံကိန်းတာဝန်အား တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးထံသို့ လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးစီမံ ကိန်းတာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား မြန်မာ့စီးပွားရေး ဘဏ်၊ တိုင်းဒေသကြီး မန်နေဂျာထံသို့ လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍကြီး စီမံကိန်းတာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးထံသို့ လည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်များ၏ ဒေသန္တရစီမံကိန်းတာဝန်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများကိုယ်စား မုံရွာ ခရိုင် စိမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌထံသို့ လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြောင်း သိရ သည်။























