စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လိုက်လံ ကြည့်ရှု
မုံရွာ၊ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၆ ရက်၊ နံနက်ပိုင်း တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဌာနဆိုင် ရာများ၊ မြို့မမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ လေရှီးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမောင်က ဒေသဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းတပြပြီးနောက် လေရှီးမြို့ရှိ မြို့မိမြို့ဖများနှင့် နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ မှ လေရှီးမြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလိုမှုလုပ်ငန်း အခြေအနေ များအား ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က နာဂဒေသအနေဖြင့် မိမိတို့ ဒေသ တည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပြီး လူနေမှုဘဝအဆင့်အတန်းများမြင့်မားလာမည် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် မိမိဒေသအတွင်းရှိ ပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်းအပြင် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိ၏တာဝန် ကျေပွန်ရန်နှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထားကာ ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မြို့မိမြို့ဖများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြေားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ထံ ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မြို့နယ်ရဲ တပ်ဖွဲ့နှင့် တာဝန်ရှိသူများထံ ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ထံ ငွေကျပ် ၁၀ သိန်းတို့အား အသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည် သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံတိုင်းရင်းသားများအား တာဝန်ရှိသူများနှင့် အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြပြီး ဆေးရုံအုပ်ကြီးနှင့် ဆရာ ဝန်၊သူနာပြုဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့ကြသည်။
မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုကြမည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၁၄၄ ဦး ကျော်အား လေရှီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ သတ်မှတ်ကျောင်းဆောင် စာသင်ခန်းများတွင် စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ထံ စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း စားသောက်စရိတ် ကျပ်သိန်း ၅၀၀ နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ တမံသီကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် တန်းပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူ ၅၄ ဦးအား စခန်းသွင်းသင်ကြား နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံ စခန်း သွင်းသင်ကြားနေစဉ်ကာလအတွင်း စားသောက်စရိတ် ကျပ်သိန်း ၃၀၀ နှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့၊ ထမံသီကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပြည်သူများငါးစားသုံးမှုဖူလုံစေ ရန်နှင့် ငါးသယံဇာတပေါများရေးအတွက် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ခြင်း အခမ်း အနားသို့ တက်ရောက်ပြီး ချင်းတွင်းမြစ်အတွင်း ၂ လက်မအရွယ်ရှိ ထိုင်းငါးခုံးမကြီး ၅၀၀၀၀ (ငါးသောင်း)ကောင်အား ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။



































