စစ်ကိုင်းမြို့တွင် အခြေခံပညာ ကျောင်းများအတွက် အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် ကွန်တိန် နာကျောင်းဆောင် (Prefabricated Schools)များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ မေ ၂၆
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများအတွက် အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် ကွန်တိန် နာကျောင်းဆောင် (Prefabricated Schools)များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၆ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွပ်ရှိ ဒီဇယ် အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ အာဆီယံ The AHA Centre ၏ အမှုဆောင်ညွှန်ကြား ရေးမှူး Mr Lee Yam Ming နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ငလျင်ဘေးကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား အချန်မီ လည်ပတ်နိုင်ရေး၊ မိုးမကျမီ မိုးအကာ အောက်ရောက်ရှိနိုင်ရေး၊ ပျက်စီးမှုများအား ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ကျောင်းများအနက် အထကခွဲ ရန်နိုင်၊ အထကခွဲ ရွာထောင်၊ အလကခွဲ ဒီဇယ်၊ အလကခွဲ ပါရမီနှင့် အလကခွဲ ဇေယျာ စသည့် စာသင်ကျောင်း ၅ ကျောင်းအတွက် အာဆီယံ The AHA Centre မှ ယာယီကျောင်းဆောင်များအား ကိုယ်တိုင်လာရောက်လှူဒါန်းပေးမှုအပေါ် နိုင်ငံတော် ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အာဆီယံ The AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr Lee Yam Ming မှ ကွန်တိန်နာကျောင်းဆောင် (Prefabricated Schools)များ ထောက်ပံ့ပေး အပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံကွန်တိန်နာကျောင်းဆောင် (Prefabricated Schools)များ လွှဲပြောင်းပေးအပ်ပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လေးဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် အလျား- ၁၂၀ ပေ၊ အနံ- ၃၀ ပေ၊ ၂ ဆောင်၊ အလျား- ၉၀ ပေ၊ အနံ - ၃၀ ပေ၊ ၁ ဆောင်နှင့် အလျား -၆၀ ပေ၊ အနံ - ၃၀ ပေ၊ ၂ ဆောင် ကွန်တိန်နာကျောင်းဆောင် ၅ ဆောင်အား ထောက်ပံ့လှူဒါန်း ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ၂၀၂၅- ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် စစ်ကိုင်းမြို့ပေါ်ရှိ ကျောင်းသား/ ကျောင်းသူများအား စစ်ကိုင်းပညာရေးတက္ကသိုလ်အတွင်းရှိ သတ်မှတ်စာသင်ဆောင်များ တွင်စခန်းသွင်း သင်ကြားပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စခန်းသွင်းသင်ကြား နေစဉ်ကာလအတွင်း ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ အုပ်ချုပ်၊ ထောက်ပံ့ရေး၊ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးများ ကောင်း မွန်စေရန်တို့အတွက် တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ငလျင် ဘေးဒဏ်ကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများအား ယာယီနေအိမ်အဆောက်အဦများ တည်ဆောက် ပေးထားမှုများအား သွားရောက်ကြည့်ရှုကာ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးနုတ် ဆက်အားပေးခဲ့ကြပြီး အဆိုပါကျောင်းဝန်းအတွင်း ယာယီကျောင်းဆောင်အဆောက် အဦများတည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် ငလျင်ဘေးဒဏ်ကြောင့် အဆောက်အဉီများ ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာအတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာ အသီး သီးမှဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန်အတွက် ကွန်တိန်နာလူနေအိမ် အဆောက်အဦ များတည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး တည်ဆောက်ပြီးစီးနေသည့် ကွန်တိန်နာလူနေအိမ်များအား အမှန်တကယ်လိုအပ်သည့် ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများအား စနစ်တကျခွဲဝေချထားပေးရန်အတွက် တာဝန်ရှိသူများအား မှာကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရွှေဟင်္သာတိုက်သစ် ဘုန်းတော်ကြီးကျောင်းတိုက်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများအား တပ်မ တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ ပြန်လည် ရှင်းလင်းပေးနေမှုများအား လည်းကောင်း၊ အဆိုပါ ဘုန်းတော်ကြီးကျောင်းတိုက်ဘေး လမ်းအား မြေသားမြှင့်တင်နေမှုနှင့် လမ်းချဲ့နေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။




































