စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဇွန် ၅
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၅ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းများနှင့် သား/သမီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာသင်ကြားလျှက်ရှိသည့် မိသားစုဝင်များ၏ သားသမီးများသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ၊ သားကောင်းရတနာများဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များဖြစ်စေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးသွားကြရန် တာဝန်ရှိပြီး ပညာ ရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာ ဂတ်သည်လည်း တောက်ပြောင်လာမည် ဖြစ်ပါကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုသာမက လူ့အဖွဲ့အစည်းရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏သား/သမီးများအား အကောင်းဆုံးပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ ကျောင်းသား/သူများလည်း အနာဂတ်တွင် ခေါင်းဆောင်ကောင်းများဖြစ်လာကြစေရေးနှင့် နိုင်ငံ့အကျိုး၊ ဘာသာ၊သာသနာအကျိုးအား သယ်ပိုးထမ်းရွက်ပြီး ပညာတတ်လူတော်လူကောင်းများ ဖြစ်လာကြစေရေး ကြိုးစားအားထုတ် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား ၁ ဦးနှင့် အခြေခံပညာအထက်တန်းတက်ရောက်နေသော ကျောင်းသား ၁ ဦးထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ တက္ကသိုလ်တက်ရောက်နေသော ကျောင်းသူ ၁ ဦးနှင့် အခြေခံပညာအထက်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးထံ ပညာသင်စရိတ်နှင့် ကျောင်း ဝတ်စုံများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်က တက္ကသိုလ်တက်ရောက်နေ သော ကျောင်းသား ၁ ဦးနှင့် အခြေခံပညာအလယ်တန်း တက်ရောက်နေသော ကျောင်းသား ၁ ဦးစီတို့အား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၏ဇနီးက အခြေခံပညာအထက်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦးနှင့် အခြေခံပညာအလယ်တန်း တက်ရောက်နေသော ကျောင်းသူ ၁ ဦး တို့ထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက အခြေခံပညာအထက် တန်း၊ အလယ်တန်း၊ မူလတန်းတက်ရောက်နေကြသော ကျောင်းသား/ကျောင်းသူများထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ဝန်ထမ်းများနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအတွက် ဆေးရည်စိမ်ခြင်ထောင်များအား ဝန်ထမ်းများထံ ပေးအပ်သည်။
ဆက်လက်၍ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းခံရသော ဝန်ထမ်းမိသားစုများကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ခဲ့ကြသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်း သား/သမီး ၁၆၁ ဦးအတွက် ငွေကျပ်စုစုပေါင်း - ၁၄၅၅၇၅၀၀ (ကျပ် တစ်ရာလေးဆယ်ငါးသိန်း ငါးသောင်းခုနစ်ထောင်ငါးရာ တိတိ)ကျပ်နှင့် ဆေးရည်စိမ်ခြင်ထောင် အလုံး ၄၀၀ အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။






































