စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံ”ခြင်း”ရက်နည်းသင်တန်းနှင့် ကွန်ပျူတာသင်တန်းအမှတ်စဉ်(၇/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံ”ခြင်း”ရက်နည်းသင်တန်းနှင့် ကွန်ပျူတာ သင်တန်းအမှတ်စဉ်(၇/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၉
ရက်၊ နံနက်ပိုင်းက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟို ဌာန Community Centre ၌ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် အခြေခံ”ခြင်း” ရက်နည်းသင်တန်းနှင့် ကွန်ပျူတာသင်တန်းများသည် လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူဖြစ်စေမည့် သင်တန်းများဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အနေဖြင့် ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကွန်ပျူတာသင်တန်း ၃ ကြိမ်တွင် သင်တန်သား/သူ ၄၀ ဦးနှင့် အသက်မွေးဝမ်းကြောင်းသင်တန်း ၇ ကြိမ်တွင် သင်တန်းသား/သူ ၁၄၅ ဦးတို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်း သား/သူများအနေဖြင့် ကွန်ပျူတာသင် တန်းမှရရှိသည့် နည်းပညာပိုင်းဆိုင်ရာများအား မိမိအကျိုး၊ ဌာနအကျိုး၊ နိုင်ငံ့အကျိုးတို့ အားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အလားတူ အသက်မွေးဝမ်းကြောင်းဆိုင် ရာသင်တန်းများမှနေ ရရှိလာသည့် အိမ်တွင်းမှုလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့် အလမ်းများအား ရရှိပိုင်ဆိုင်နိုင်ကြမည် ဖြစ်ပါကြောင်း၊ ယခုထက်ပိုပြီး ကြိုးပမ်းဆောင် ရွက်မည်ဆိုပါက အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များဖြစ်လာနိုင်သည့် အခြေခံကောင်းများပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း အသေးစား၊အငယ်စား၊အလတ်စား(MSME) လုပ်ငန်းများအား အားပေး မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများမှ လည်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် နည်းပညာများရရှိစေ ရေးအတွက်အထောက်အကူဖြစ်စေမည့် သင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင် ရေးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါက သင်တန်းများဖွင့်လှစ်ပြီးစီးမှု အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်တို့က သင်တန်း သား/သူများကိုယ်စား သင်တန်းသူတစ်ဦးစီထံ သင်တန်းဆင်းလက်မှတ်များအား လည်း ကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အခြေခံ”ခြင်း”ရက်နည်း သင်တန်းမှရရှိသည့် ပစ္စည်းများအား သင်တန်းသူတစ်ဦးထံသို့ လည်းကောင်း၊ တိုင်းဒေ သကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့က သင်တန်းနည်းပြများထံ အမှတ်တရလက် ဆောင်များအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် သင်တန်းသား/သူများကိုယ်စား အခြေခံ”ခြင်း”ရက်နည်းသင်တန်းမှ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခြေခံ”ခြင်း”ရက်နည်းသင်တန်းမှ သင်တန်းသူများ ကိုယ်တိုင်ရက်လုပ်ထားသည့် “ခြင်း”များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိ သူများနှင့်စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ အခြေခံ”ခြင်း”ရက်နည်းသင်တန်းအား ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၉ ရက် နေ့အထိ သင်တန်းသား/သူ ၂၅ ဦးဖြင့် ၅ ရက်ကြာသင်ကြားပေးခဲ့ပြီး အခြေခံကွန်ပျူတာ သင်တန်းအား ဒီဇင်ဘာလ ၄ ရက်မှနေ့မှ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ ၃ နေ့ရက်အထိ သင်တန်းသား/သူ ၂၀ ဖြင့် ၁ လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။





































