စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း (၅/၂၀၂၄) သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ ဒီဇင်ဘာ ၂၀
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာနရုံးရှိ Incubation Center ၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များအား အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်သွားပါက နိုင်ငံတော်၏ MSME လုပ် ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကိုလည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ သင်တန်း သူများအနေဖြင့် ယခုသင်တန်းမှပို့ချပေးလိုက်သည့် သင်ခန်းစာများအား လက်တွေ့ပြန် လည်အသုံးချပြီး အောင်မြင်သည့်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းထံ သင်တန်းသူ တစ်ဦးထံ သင်တန်း ဆင်းလက်မှတ်များပေးအပ်ပြီး တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းသူများကိုယ်တိုင် ပြုလုပ် ထားသည့် လူသုံးကုန်ပစ္စည်းများအား အမှတ်တရလက်ဆောင်ပေးအပ်ကာ သင်တန်းသူ များကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသူများနှင့်အတူစုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသူများကိုယ်တိုင် ပြုလုပ် ထားသည့် လူသုံးကုန်ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးရှိ စား သောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများအား သုံးစွဲသူများအရည်အသွေးပြည့် ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာရေးနှင့်အညီ ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ရန် အတွက် ဓာတ်ခွဲစမ်းသပ်ပေးသည့် ဓာတ်ခွဲစမ်းသပ်ခန်းအတွင်းရှိ ဓာတ်ခွဲပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


























