စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ နွေရာသီအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနား ကျင်းပ
မုံရွာ၊ ဧပြီ ၅
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ဧပြီ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသား၊သင်တန်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အဘက်ဘက်မှ အားပေးမြှင့်တင်ကာတစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် မူဝါဒ များချမှတ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း နိုင်ငံတော်၏ အားကစားမူဝါဒများအား အကောင်အထည်ဖော်နိုင်ရန်အတွက် အစွမ်းကုန်ပံ့ပိုးကူညီ ဆောင် ရွက်လျှက် ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် နွေရာသီအားကစား သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်ဖြစ်သည့် လူငယ်လူရွယ်များ စာရိတ္တနှင့်စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော အားကစားသမား လူကောင်းလူတော်များ ပေါ်ထွက်လာစေရေး၊ လူငယ်များ အားကစားနည်း အလိုက် နည်းစနစ်များ၊ ဥပဒေများကျွမ်းကျင်လိုက်နာမှုရှိစေရေး၊ ကျောင်းသားလူငယ်များ နွေရာ သီအားလပ်ရက်ကာလများ တွင်အကျိုးရှိစွာ အသုံးပြုနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် အားကစားနည်း(၁၄)မျိုး အားဖွင့်လှစ်ပေးခဲ့ရာတွင် မိဘများကိုယ်တိုင် စိတ်ပါဝင်စားစွာလာ ရောက်ပို့ဆောင် တက်ရောက်သင်ကြားစေကြတာကို တွေ့ရှိရသည့်အတွက် ကျေးဇူးတင် ဝမ်းသာမြောက်ပါကြောင်း၊ ယခုသင်တန်း၌ နည်းပြများ၏ သင်ကြားပို့ချချက်များအား ကြိုးစား သင်ယူလေ့ကျင့်ကာ ရပ်ကွက်/ကျေးရွာ/မြို့နယ် အဆင့်မှနေပြီး တိုင်းဒေသကြီး၏ နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များ အဆင့်အထိရောက်ရှိအောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘောလုံးသင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ကရာတေး သင် တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကြက်တောင်/တင်းနစ် သင်တန်းသား၊သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက မြန်မာ့သိုင်း သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ကိုယ်ကာယလေ့ကျင့်ခန်း သင်တန်း သား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း အသီးသီးပေးအပ်ကြပြီး သင်တန်းသား၊သင်တန်းသူ အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသား၊သင်တန်းသူများ၏ ဘောလုံး၊ ကရာတေး၊ Fitness Dance ၊ မြန်မာ့သိုင်း တို့ဖြင့် သရုပ်ပြသမှု များအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သရုပ်ပြသခဲ့ကြသော ဘောလုံး၊ ကရာ တေး၊ Fitness Dance ၊ မြန်မာ့သိုင်းအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ နွေရာသီအားကစားသင်တန်း၌ ဘောလုံး၊ Fitness Dance၊ ဖူဆယ်၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း လုံး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ကြက်တောင်၊ ကာယဗလနှင့်ကာယအလှ အားကစား(၁၄)မျိုး သင်တန်းသား၊သင်တန်းသူ ၄၅၀ ဦး တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်ဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်းရှိ အသက်(၁၀)နှစ် နှင့်အထက်ရှိသူများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biogranphic Data)နှင့် ဇီဝအချက်အလက်( Biometric Data)တို့အား ကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး တာဝန်ရှိသူများနှင့်အတူ ပြည်သူများအား ဂဏန်း(၁၀)လုံးပါရှိသည့် UID ကဒ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။






























