စစ်ကိုင်းတိုင်းဒေသကြီး၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ ဧပြီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နည်းပြများနှင့် သင် တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ပြုစုပျိုးထောင် ပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ထိရောက်စွာ သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းများနှင့်အညီ ယခုလိုသင်တန်းများဖွင့်လှစ်ပို့ ချပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းအား စနစ်တကျနှင့် အချိန်ပြည့်တက်ရောက်ပေးသည့် သင် တန်းသား၊ သင်တန်းသူများမှလည်း ယခုသင်တန်းမှရရှိခဲ့သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါမှာ ထိရောက်သည့်နည်းလမ်း များဖြစ်သည့် နယ်ပယ်သဘောတရားများနှင့် ကလေးများဘာသာစကားတို့ကို ပီသကျွမ်းကျင် အောင်ပြောကြားနိုင်စေရန် စနစ်တကျ ပြုစုပျိုးထောင်ပြီး မိဘများနှင့် ရပ်ရွာလူထုများမှလည်း ပူးပေါင်းကာ ကလေးငယ်များပြုစု စောင့်ရှောက်မှုများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အတွေ့အကြုံဗဟုသုတ၊ နည်း ပညာများအား အသုံးချပြီးမိမိတို့နိုင်ငံ၏အနာဂတ် ကလေးငယ်များအကျိုးကို အကောင်းဆုံးဖြစ် အောင်ပြုစုပျိုး ထောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနီးကပ်ကြီးကြပ်လမ်းညွှန် သင်ကြားပေးခဲ့ သည့် လူမူဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း)ဆရာမကြီး ဒေါ်ခင်နွဲ့အား ဂုဏ်ပြုငွေအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက သင်တန်းသား/သင်တန်းသူများ အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သင်တန်းဆင်း အစီရင်ခံစာအား ဖတ်ကြားပြီး မုံရွာမူလတန်းကြိုကျောင်းမှ သမီးငယ်လေးမှ တပင်တိုင် အကဖြင့် လည်ကောင်း၊ သင်တန်းသား/သင်တန်းသူများမှ မူကြိုကဗျာ၊ သီချင်း၊ ပုံပြင်များ ဖြင့်သီဆိုကပြ ဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဥပဒေချုပ်မှ သီဆိုကပြဖျော်ဖြေခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ကာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသား/သင်တန်း သူများဖြင့် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသား/သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသော မူလတန်းကြိုကျောင်းများတွင် အသုံးပြုမည့် ပန်းချီနှင့်လက်မှုသင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။






























