မုံရွာ၊ မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည် သူများအတွက် အခြေခံစာတက်မြောက်ရေး လုပ်ငန်းညှိနိုင်း အစည်းအဝေးကို မတ်လ ၅ ရက် နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကော်မတီအဖွဲ့များအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွင်း မှာရှိသည့် စာမတတ်သူများအား စိစစ်စာရင်းပြုစုပြီး စာသင်ကြားပေးခြင်းဖြင့် စာမတတ်သူများ ပပျောက်သွားစေရန် ရည်ရွယ်ပြီး လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ယခုလိုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရန်အတွက် ကြိုတင်ဆောင်ရွက် သင့်သည့် လုပ်ငန်းများကိုလည်း တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် ကြိုတင် စီစဉ်ဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း ယခင်က စာတတ်မြောက်ရေးလှုပ်ရှား မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကောင်း များရှိထားပြီးဖြစ်၍ ယခုလုပ်ငန်းစဉ်တွင်လည်း အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ စာတတ်မြောက်ခြင်းသည် လူတစ်ဦးတစ်ယောက်၏ ဘဝလူနေထိုင်မှု အဆင့်အတန်း သာမက မိသားစုရပ်ကွက်နှင့်လူ့အဖွဲ့အစည်းတို့ပါ ပြောင်းလဲစေနိုင်သလို ပညာတတ်များ၊ အသိ ပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်အောင်တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း၊ ပညာခေတ်တွင် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာ ရည်မြင့်မားရေးအား ဦးစားပေးဆောင်ရွက် သွားရန်လိုအပ်ပြီး ရပ်ရွာအတွင်းရှိစာမတတ်သူများ၊
ကျောင်းမနေဖူးသူများအား စာသင်ကြားနိုင်ရေးအတွက် စာသင်သားများစာရင်းနှင့်စာသင်ဝိုင်းစု ဖွဲ့စာရင်းများ ကောက်ယူရေး၊ စေတနာ့လုပ်အားပေးနည်းပြစာရင်းများ ကောက်ယူရေးတို့အား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအားလုံး အနေဖြင့် တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ စာတတ်မြောက်ရေးလုပ်ငန်း များ၊ သင်ကြားရေးအစီအစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကျရာအခန်းကဏ္ဍကနေ ကြိုးစား ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက် ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး တင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက် မြောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များက တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်းများ လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက်ရောက် လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေး ကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘို တောင်ရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့၊ အမျိုးသမီးသားဖွားမီးယပ်နှင့်ကလေးဆေး ရုံကြီးရှိ အထူး ကြပ်မတ်ဆောင်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မွေးရာပါအူကျွံရောဂါဖြင့် ခွဲစိတ် ဖွားမြင်ခဲ့သည့် ကလေးငယ်အား အူကျွံရောဂါခွဲစိတ်ကုသမှုများပြုလုပ်ခဲ့ပြီး ဆေးရုံကြီးရှိ ဆရာ ဝန်၊ဆရာမများ၏ အနီးကပ်ကြပ်မတ်ကုသပေးမှုဖြင့် ကျန်းမာကောင်းမွန်နေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးမိဘထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးအထူးကြပ်မတ် ဆောင်အတွင်း မွေးကင်းစကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆရာဝန်များနှင့် သူနာပြုများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဆရာဝန်ကြီးများနှင့် သူနာပြုများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာ တာဝန်ရှိသူများမှ ဆေးရုံကြီး၏ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များထံ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။







