ပြည်ထဲရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများချပြရှင်းလင်းပွဲနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်
၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်
၁။ (၁-၃-၂၀၂၄)ရက်နေ့ (၀၉၃၀)အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများချပြရှင်းလင်းပွဲအခမ်းအနား နှင့်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားတွင် ပထမပိုင်းအစီအစဉ်အနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများအား ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမှ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတကာမှ ကျင့်သုံးဆောင်ရွက်နေသည့် စစ်မှုမထမ်း မနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည့်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ပြည်သူ့ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သည့်ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းမှ ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်စပ်လျဉ်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သော အသက်အပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများနှင့်ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၂။ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနား အား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်းဆန်းမှ ဝန်ထမ်း များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုများအား မှာကြားဆောင်ရွက်ခဲ့ပြီး ဌာနခွဲ၊ ဌာနစုအလိုက်ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး အဆိုပါအခမ်းအနား သို့ အရာထမ်း၊ အမှုထမ်း (၂၅၀)ဦး တက်ရောက်ခဲ့ပြီး (၁၁၀၅)အချိန် အခမ်းအနားပြီးမြောက် ခဲ့ပါသည်။


















