စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် မုံရွာသူနာပြုသားဖွားသင်တန်းကျောင်း စားသုံးဆီနှင့် အခြေခံစားသောက် ကုန်များရောင်း
မုံရွာ ၊ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့၊ မွန်းလွဲပိုင်း တွင် မုံရွာမြို့၊အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်းရှိ သလ္လဝတီခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မုံရွာမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ “ ဇာတိမာန် “ တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လွတ်လပ်ရေးနေ့ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်းများစွာကပင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တစ်မိထဲဖွားတိုင်းရင်းသား တို့သည် တညီ တညွတ်တည်း လွတ်လပ်သည့်လူမျိုးအဖြစ် ရပ်တည်ခဲ့ကြပြီး နိုင်ငံ၏အချုပ်အခြာ အာဏာ သည်နေရောင်၊ လရောင်ပမာထွန်းလင်းခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ကိုလိုနီခေတ် အတွင်း သူ့ကျွန်မခံလိုသည့်စိတ်ဓါတ်ဖြင့် အနယ်နယ်အရပ်ရပ်ရှိ မြန်မာတိုင်းရင်းသားများသည် နည်းအမျိုးမျိုးဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်းလှန်ခဲ့ကြသည့် သမိုင်းအထောက်အထားများအား လေ့လာကြည့်လျင် လမ်းပန်းဆက်သွယ်ရေးအရ ဒေသတစ်ခုနှင့်တစ်ခု အနေဝေးနေကြ သော်လည်း မိမိဇာတိကိုချစ်သည့်စိတ်၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊အချုပ်အခြာအာဏာကိုထိပါးလာ လျှင်ခေါင်းငုံ့မခံတတ်သည့် မျိုးချစ်သူရဲကောင်း များပေါ်ပေါက်လာကြသည်ကို လေ့လာကြည့် လျှင်တိုင်းရင်းသားအားလုံးသည် တစ်သွေးတစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်း ရှိနေခဲ့ကြသည်ဆိုတာ တွေ့ရှိရမှာဖြစ်ပါကြောင်း၊ မျိုးချစ်လူငယ်များ၏ မျိုးချစ်စိတ်ဓါတ် ထက်သန်မှုဖြင့် ဦးဆောင်မှု၊တိုင်းရင်းသားတို့၏ သူ့ကျွန်မခံလိုစိတ်ဖြင့် တော်လှန်ပုန်ကန်မှုများကြောင့် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်သို့ရောက် ရှိလာခဲ့သည်မှာ(၇၆)နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမ အဘိုး၊အဘွားများ၏ သူ့ကျွန်မခံလိုစိတ်ဖြင့် အသက်ပေါင်းများစွာစတေးပြီး အရယူပေးခဲ့သည့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့စေရန် အစဉ်အမြဲ တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်မှာဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ ဇာတိမာန်ထက်သန်လာစေရန် မျိုးချစ် စိတ်နှင့်ပတ်သက်သည့် ဟောပြောပွဲများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများ ကျင်းပ ပေးသွားကြရန်နှင့် နိုင်ငံလွတ်လပ်ရေးကို အဓွန့်ရှည်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်မျိုးဆက်သစ်များ မွေးထုတ်ပေး ကြပြီး မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဇာတိကို ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ရှိသည့် ကျောင်းသား၊လူငယ်များ ဖြစ်ပေါ်လာအောင် လေ့ကျင့်သင်ကြားပေးသွား ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ (၇၆)နှစ်မြောက်၊ လွတ်လပ် ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော ပြိုင်ပွဲများတွင် တိုင်းဒေသကြီး အဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆု လက်မှတ်နှင့်ဆုငွေများအား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များမှ “ ဗိုလ်ရှု့သဘင် “ တေးသီချင်းကပြဖျော်ဖြေပြီး အခြေခံပညာအထက်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲတွင် တိုင်းဒေသကြီးအဆင့် ပထမဆုရသူ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသူမှ ကျပန်းစကားပြောဖြင့် ပြန်လည်တင်ဆက်၍ အခြေခံပညာ အလယ်တန်းကျောင်း-လေ့ကျင့်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများမှ “ စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်ရှိနေမယ် “ တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ သီဆိုကပြဖျော်ဖြေပေးသွား ကြသော ကျောင်းသား၊ကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများမှ “ မြန်မာ့ကျောင်း“ တေးသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသည့် စာအုပ်၊စာစောင်များ၊ မှတ်တမ်းဓါတ်ပုံများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုပစ္စည်းများ၊ ကျောင်းသား၊ကျောင်းသူ များပျော်ရွှင်စွာဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉာဏ်စမ်းမေးခွန်းများဖြေဆိုနေမှု၊ စကားပုံဆက်နေမှုများနှင့် ရုပ်ပုံဆက်နေမှုများအား လိုက်လံ ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ သူနာပြု သားဖွားသင်တန်းကျောင်းသို့ ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် သူနာပြုသား ဖွားသင်တန်းကျောင်းမှ သင်တန်းသား၊သင်တန်းသူများနှင့် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီးရှိ သူနာပြုဆရာမကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ စားသောက်ရေးအဆင်ပြေစေရန်အတွက် တိုင်းဒေသကြီး ဆီကုန်သည်များ၊ဆီလုပ်ငန်းရှင်များ နှင့် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးဆီများ၊ အသား၊ဥနှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးနေမှုတို့အား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






























































