မုံရွာ ၊ ဇန်နဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့်ဘွဲ့လက်မှတ် များ ချီးမြှင့်အပ်နှင်းခြင်းခံရသည့် သရေစည်သူဘွဲ့ရ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာ ရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သောဠသမရွှေကျင် သာသနာပိုင်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရနှင့် သီရိပျံချီဘွဲ့ရ သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တ ကုသလ ဆရာတော်ကြီးများအား ဂုဏပူ ဇော်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ “ နမောတသ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါ စရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သောဠ သမရွှေကျင် သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးမှ သမ္မောဒနီယသြဝါဒကထာ မြွတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌထံ အလှူရှင်များက ပုညရှင်သာသနာ့ဗိမာန်တော်ကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများမှ အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ ပညာရေးစင်တာတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်တော်အိတ်(၁၀၀) ဆီ ၁၀၀ ပိဿာ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ “ နမောတသ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ ပဓာနနာယကဆရာတော် ဒေါက်တာအရှင် သောဘိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဇေယျာလူမှုထူးချွန်(ပထမ)အဆင့် ဆုတံဆိပ်၊ဝတ္ထုငွေ၊ ဆွမ်းဆန် တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ ပင့်သံဃာဆရာတော်များထံ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဆွမ်းဆန်တော်၊ဆီနှင့် လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဒေါက်တာအရှင်သောဘိတထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိ သူများမှ အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အောင်မြေဦးကျောင်းတိုက်သို့ ရောက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ် ချီးမြှင့်သည့် ဇေယျာလူမှုထူးချွန်(ပထမ)အဆင့် ဆုတံဆိပ်၊ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။



