စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောင်းပေါင်းစုံ အမျိုးသား/အမျိုး သမီး ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ တက်ရောက်
မုံရွာ၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ တိုင်းဒေသကြီး အခြေခံပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ကျောင်းပေါင်းစုံ အမျိုး သား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၇ ရက်၊ ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားစားကွင်းအတွင်း ၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းတရား သူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်/အခြေခံပညာ ကျောင်း များမှ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲအားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား ခရစ်ကတ် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပညာရေးဒီဂရီကောလိပ်နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ ပြိုင်ပွဲတွင် မုံရွာပညာရေးဒီဂရီကောလိပ်အသင်းကအမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ)အသင်းအား အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဉပဒေချုပ်နှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး တို့က ပညာရေးဒီဂရီကောလိပ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)နှင့် SEC ကိုယ်ပိုင်အထက်တန်းကျောင်း များအား ခရစ်ကတ်လေ့ကျင့်ရေး အားကစားပစ္စည်းများအား အသီးသီး ပေးအပ်ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသမီးခရစ် ကတ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၂)အခြေခံပ ညာအထက်တန်းကျောင်းအသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအသင်းအား ငွေသား ဆုနှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်း (အလုံ) အသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မုံရွာပညာရေးဒီဂရီကောလိပ်အသင်းအား တစ်ဦးချင်းဆုတံ ဆိပ်၊ငွေသားဆုနှင့် ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုး သား ခရစ်ကတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မုံရွာပညာရေးဒီဂရီကောလိပ် အသင်း အား တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့် ဒိုင်းဆုအား လည်းကောင်း အသီးသီး ပေး အပ်ချီးမြှင့်ခဲ့ကြပြီး ဆုရအသင်းများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရ သည်။




























