၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်အနား မုံရွာမြို့၌ ကျင်းပ
မုံရွာ၊ ဇူလိုင် ၁၆
၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ် ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြ/အုပ်ချုပ်များနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကျင်းပသည့် ခရိုင် ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲကနေ အရည်အချင်းပြည့်ဝသည့် ရွတ်ပုန်းသီး အားက စားသမားများကို ရွေးချယ်ပြီး မိမိတို့တိုင်းဒေသကြီး၏ ဖူဆယ်အားကစားအဆင့်အား ပြန်လည်မြှင့်တင်ပေးသွားမည်ဖြစ်သည့်အပြင် မြန်မာ့လက်ရွေးစင်အသင်း၏ အရံအင် အားမျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားက စားသမားများအနေဖြင့်လည်း ဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်အား လေးစားလိုက်နာသွား ကြရန်နှင့် မိမိတို့ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်များထားကာ မိမိ၏ ခြေစွမ်းခြေစ အရည်အချင်းအား ပေါ်လွင်အောင် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားကောင်းများဖြစ်အောင် ယှဉ်ပြိုင်ကစားသွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန် ရွတ် ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားအသင်းများအား လေ့ကျင့်ရေး ဖူဆယ် ဘောလုံးများအား အသင်းအုပ်ချုပ်သူများထံ လိုက်လံပေးအပ်ကာ ပြိုင်ပွဲဝင်အားကစား အသင်းများမှ ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူ များမှ အဖွင့်ပွဲစဉ်အဖြစ် ရွှေဘိုခရိုင်ဖူဆယ်ဘောလုံးအသင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ ရွှေဘို ခရိုင်အသင်းမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအား အနိုင်ရရှိသွားသည်။
အဆိုပါ ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲအား ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၂ ခရိုင်မှ ပြိုင်ပွဲဝင် အားက စားသမား ၁၄၄ ဦး ဝင်ရောက်ယဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။































