စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား အမျိုးသား/သမီး မီနီမာရသွန်၊ စက်ဘီး၊ ပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး
မုံရွာ၊ နိုဝင်ဘာ ၁၇
မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင် များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/သူများ ချစ်ကြည်ရင်းနှီးမှုများ ရရှိနိုင်စေရန်အတွက် ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္က သိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသား/သမီး မီနီမာရသွန်၊ စက်ဘီးပြိုင်ပွဲကို နိုဝင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အနောက်ဘက်ကန်သာယာတွင်ကျင်းပရာ ပြိုင်ပွဲ သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ အရာထမ်း၊အမှုထမ်းများ၊ မြို့နေပြည်သူများ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ကြသည်။
ဦးစွာ အမျိုးသား အမျိုးသမီး မီနီမာရ သွန်ပြိုင်ပွဲအား တာထွက်အချက်ပြကာ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ အနောက်ဘက်ကန် သာယာတစ်လျှောက်တွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများမှ တစ်ပျော်တစ်ပါး အားပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မီနီမာရ သွန်အားကစားသမား ပန်းဝင်လာမှုတို့အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုဒ်ဦးတွင် အမျိုးသား အမျိုးသမီး စက်ဘီးပြိုင်ပွဲယှဉ်ပြိုင်နေများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများမှ ပန်းဝင်လာသည့်စက်ဘီး ပြိုင်ပွဲဝင် အားကစားသမားများအား သောင်း သောင်းဖျဖျ ကြိုဆိုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားက စားကွင်းအတွင်း ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္က သိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသမီး ထုပ်စည်းထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများနှင့်အမျိုးသား၊ အမျိုး သမီး မီတာ ၈၀၀၊ မီတာ ၄၀၀ ၊ မီတာ ၂၀၀၊ မီတာ ၁၀၀ ပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

























































