စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဩဂုတ် ၂၁
၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာ ယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများတက် ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသမီး ကိုယ်ကာ ယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ၁ ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု များအား ကြည့်ရှုအားပေးကြပြီး ၃ ယောက်တွဲ၊ ၉ ယောက်တွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိ ယ၊ တတိယဆုရရှိခဲ့ကြသည့် အသင်းများနှင့် နည်းပြများ၏ ပြန်လည်ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးရာဝန် ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ၁ ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အား ကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး
တရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသည့် ပြိုင် ပွဲဝင်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း ပေး အပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ၉ ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရွှေဘိုခရိုင် အသင်း၊ ဒုတိယဆုရရှိခဲ့သည့် မော်လိုက်ခရိုင်အသင်းနှင့် ပထမဆုရရှိသည့် ကလေးခရိုင် အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တံခွန်စိုက်ဒိုင်းဆုရရှိ သည့် ကလေးခရိုင်အသင်းအား ငွေသားဆုငွေကျပ် - ၅ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ ဆုရအားကစားအသင်းများနှင့် စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
























