မုံရွာ ၊ အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သမိုင်းဝင်ဆွမ်းဦးပုညရှင်စေတီ တော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ ဗုဒ္ဒတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသမရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးနှင့် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဆွမ်းဦးပုညရှင် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ နိုင်ငံကျော်အနုပညာရှင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသ မရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီး၊ စစ်ကိုင်းတောင်ရိုး ခေမာသီဝံကျောင်းတိုက် ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်တို့က ဆွမ်းဦးပုညရှင် သာသနာ့ ဗိမာန်တော်ကြီး တိုးချဲ့ရင်ပြင်တော်ပေါ်တွင် မင်္ဂလာကျောက်စာအား တစ်ပြိုက်နက်စက်ခလုတ် နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရေများ ပတ်ဖျန်းပေးခဲ့ကြသည်။
ယင်းနောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးနှင့် ကြွရောက်တော်မူလာကြကုန် သော ဆရာတော်၊ သံဃာတော်များမှ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဒရုပ်ပွား တော်များအား ဘုရားအနေကဇာတင်လှူပူဇော်ကြသည်။
ဆက်လက်ပြီး ပုညရှင်သာသနာ့ဗိမာန်တော် ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ပင့်သံဃာဆရာတော်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသ မရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်ပြီး ဆရာတော်၊ သံဃာတော်ကြီးများထံမှ မေတ္တာသုတ်ပရိတ်ေတရားတော် အား နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများနှင့် ပုညရှင် သာသနာ့ဗိမာန်တော် တည်ဆောက်ရခြင်းအကြောင်းအား ရှင်းလင်းလျှောက် ထားခဲ့သည်။
ထို့နောက် ပင့်သံဃာဆရာတော်၊ သံဃာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များမှ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နိုင်ငံ တော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသမရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်ပြီး ပုညရှင်သာသနာ့ဗိမာန်တော် အောင်ပွဲသီချင်းအား ရွှေတံဆိပ်ဆုရှင် တက်ခေတ်လင်းဇော်မှ သီဆိုပူဇော်သည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်း တို့မှ “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။
အဆိုပါ စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး အနောက်ဘက်တွင် အလျား - ၁၅၃ ပေ၊ အနံ - ၆၃ ပေ၊ အမြင့် - ၅၄ ပေရှိ အဆောက်အဦအား ဘိုးပိုင် ၉၉ လုံးဖြင့် တိုးချဲ့ကာ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးအား အထပ် ၄ ထပ် ဖြင့် တည်ဆောက်ခဲ့သည်။
ထို့နောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များ၊ အလှူရှင်များက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား စတုဒီ သာများဖြင့် ဧည့်ခံကွေးမွေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူဝိပဿနာအကယ်ဒမီရိပ်သာသို့ ဆွမ်းဆန်တော်နှင့်လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသ မရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ ငါးပါးသီလ ခံယူဆောက်ကြသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် ဆရာတော်၊သံဃာတော်များထံ တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရား နာယူကြည်ညို ပြီး “ သီတဂူ အဓိဌာန် “ ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
.
.
.
.
.
.