စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်း သိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းက မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အိုဇုန်းလွှာထိန်းသိမ်းရေးအပါ အဝင်ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်ကောင်းများရရှိနိုင်ရေး တာဝန်ရှိသူအားလုံးမှ ဘက်ပေါင်းစုံကနေ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး ထိခိုက်ပျက်စီးစေမည့် ကိစ္စရပ်များ အား ဥပဒေ၊စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းအားလုံးကို ကဏ္ဍအားလုံးမှ ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် ပြည်သူများအနေ ဖြင့်လည်း မိမိတို့တတ်နိုင်သည့်အပိုင်းကနေ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြ ရန်လို အပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ပျော်ရွှင်ဖွယ်ကောင်းသည့် ပတ်ဝန်းကျင်၊ ကောင်းမွန်သန့်ရှင်းသည့် ဂေဟစနစ်များအား သားစဉ်မြေးဆက် လက်ဆင့်ကမ်း ရပ်တည်နိုင်ရန်အတွက် မိမိတို့အားလုံး သဘာဝပတ်ဝန်းကျင်အား တန်ဖိုးထားထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူ များက ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ ပေးပို့လာသည့် သဝဏ်လွှာ Video Clip နှင့် အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်း သိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ ဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်က မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/သူများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ် နှင့်ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် “သဘာ ဝပတ်ဝန်းကျင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ပါမည်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက တေးသီချင်းသီဆို သွားကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား /သူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ခန်းမအတွင်းခင်းကျင်းပြသထား သော လေ၊ ရေ၊ မြေ တိုင်းတာရေးစက်ကိရိယာများ၊ အအေးပေးပစ္စည်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး စာအုပ်များနှင့်လက်ကမ်းစာစောင်များ၊ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ပန်းချီများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

























