စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီကျောင်းတိုက်၊ သီတဂူသန္နိပါတဘွဲ့နှင်းသဘင် အုတ်မြစ်တော်စီ မင်္ဂလာ အခမ်း အနားနှင့် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး စိန်ဖူးတော် နှင့်ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲများ ကျင်းပ
မုံရွာ၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင် ရာ ဝိပဿနာအကယ်ဒမီကျောင်းတိုက်၊ သီတဂူသန္နိပါတဘွဲ့နှင်း သဘင် အုတ်မြစ်တော်စီ မင်္ဂလာ အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းကအဆိုပါကျောင်း တိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ရွှေကျင်နိကာယာ ဓိပတိ ဥက္ကဌ၊ ဓမ္မသေနာပတိ သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု သီတဂူဆရာ တော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ သီတဂူဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများနှင့် အလှူရှင်များက သတ်မှတ်နေရာများ အသီးသီးတွင် အုပ်မြစ်တော်စီ မင်္ဂလာပြုလုပ်ခဲ့ကြပြီး အမွှေးနံ့သာ ရေများ ပက်ဖျန်းပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ရတနာကြုတ်များအား အုပ်မြစ်တော်အလယ်ဗဟိုရှိ သတ်မှတ်နေရာများတွင် အုတ်မြစ်တော်စီမင်္ဂလာ ပြုလုပ်ခဲ့ကြပြီး သီတဂူဆရာတော်ကြီးနှင့်အတူ အမွှေးနံ့သာရေများပတ်ဖျန်းကာ ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့၍ အခမ်းအနားအား ဖွင့်လှစ် ခဲ့ကြပြီး ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဩဝါဒါ စရိယ၊ ရွှေကျင်နိကာယာ ဓိပတိ ဥက္ကဌ၊ ဓမ္မသေနာ ပတိ သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု သီတဂူဆရာတော်ကြီးထံမှ တိုင်းဒသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါး ပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသက်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည် ညိုပြီး သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များက ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ဥာဏ်တော် ၁၀၈ ပေ၊ “မဟိယင်္ဂဏ” စေတီတော်မြတ်ကြီး ပြုပြင်မွန်းမံရန်အတွက် အလှူငွေကျပ် သိန်း- ၁၀၀၀ (သိန်းတစ် ထောင်)နှင့် “ရတနာ ထွဠ်ခေါင်”စေတီတော်အတွက် ငွေကျပ် သိန်း- ၁၀၀ တို့အား ပေး အပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဩဝါဒဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကာ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်ကြီး လက်ျာရစ် တစ်ပတ်လှည့်လည်ပူဇော်ကြသည်။
ထို့နောက် မင်္ဂလာအချိန်ကျရောက်သည်နှင့် တစ်ပြိုင်နက် စေတီတော်ကြီးအထက်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်လှူပူဇော်ခဲ့ကြပြီး အမွှေနံ့သာ ရေများပတ်ဖျန်းကာ ရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ယင်းနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှု\ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံများမှ စေတီတော်ကြီးလုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ ပြုပြင်မွမ်းမံနေမှု၊ စေတီတော်ကြီးရင်ပြင်တော်အား နေပူခံကျောက်ပြားများခင်းကျင်းရန်ပြုပြင်နေမှု၊ စေတီတော်ကြီး တောင်ဘက်မုဒ်အာရုံခံတန်ဆောင်း ပြန်လည်ပြုပြင်နေမှု လုပ်ငန်းအ အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ စေတီတော်ကြီး ပြုပြင်နေမှုလုပ်ငန်းများအား လိုက်လံ ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံတည်ထားကိုးကွယ်နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြင်ဆင်တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မဟာမင်္ဂလာစေတီတော်ကြီး ပြန်လည် ပြုပြင်တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ပြန်လည်မွမ်းမံတည် ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီကျောင်းတိုက်၊ သီတဂူသန္နိပါတဘွဲ့နှင်းသဘင် အုတ်မြစ်တော်စီ မင်္ဂလာ အခမ်း အနားနှင့် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး စိန်ဖူးတော် နှင့်ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲများ ကျင်းပ
မုံရွာ၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင် ရာ ဝိပဿနာအကယ်ဒမီကျောင်းတိုက်၊ သီတဂူသန္နိပါတဘွဲ့နှင်း သဘင် အုတ်မြစ်တော်စီ မင်္ဂလာ အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းကအဆိုပါကျောင်း တိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ရွှေကျင်နိကာယာ ဓိပတိ ဥက္ကဌ၊ ဓမ္မသေနာပတိ သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု သီတဂူဆရာ တော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ သီတဂူဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများနှင့် အလှူရှင်များက သတ်မှတ်နေရာများ အသီးသီးတွင် အုပ်မြစ်တော်စီ မင်္ဂလာပြုလုပ်ခဲ့ကြပြီး အမွှေးနံ့သာ ရေများ ပက်ဖျန်းပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ရတနာကြုတ်များအား အုပ်မြစ်တော်အလယ်ဗဟိုရှိ သတ်မှတ်နေရာများတွင် အုတ်မြစ်တော်စီမင်္ဂလာ ပြုလုပ်ခဲ့ကြပြီး သီတဂူဆရာတော်ကြီးနှင့်အတူ အမွှေးနံ့သာရေများပတ်ဖျန်းကာ ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့၍ အခမ်းအနားအား ဖွင့်လှစ် ခဲ့ကြပြီး ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဩဝါဒါ စရိယ၊ ရွှေကျင်နိကာယာ ဓိပတိ ဥက္ကဌ၊ ဓမ္မသေနာ ပတိ သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု သီတဂူဆရာတော်ကြီးထံမှ တိုင်းဒသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါး ပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ရတနာစေတီဆင်များရှင်စေတီတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသက်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည် ညိုပြီး သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များက ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီများအား စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ထီးတော်ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲများနှင့် (၇၈)နှစ်မြောက် လွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားများ တက်ရောက်ခဲ့သည်။





















